ဂိုးပြတ်အောင်ပွဲကို လက်ခုပ်တီးပေးရမယ်

စနေည ပြင်သစ်လီဂူး ပွဲစဉ်-၃၄ ပွဲကြိုသုံးသပ်ချက်

မတ်ဇ် နှင့် ပီအက်စ်ဂျီ (ည ၉း၃၀)(ဖိုးရာဇာ)

သေလွန်းတဲ့မတ်ဇ်တိုက်စစ်ကစိတ်ပျက်စရာကောင်းလွန်းပြီးလက်ရှိမှာနောက်ဆုံး၄ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ဆုံးထားခဲ့ပါတယ်။ပီအက်စ်ဂျီဆိုတာက တိုက်စစ်အသားပေးနည်းဗျူဟာသုံးလို့ ခံစစ်ယိုယွင်းသွားတတ်တဲ့အသင်းပါ။ ဒါပေမဲ့မတ်ဇ်တိုက်စစ်လောက်ကိုတော့ဂိုးမပေးရအောင်ပီအက်စ်ဂျီ ထိန်းချုပ်ကစားနိုင်ပါလိမ့်မယ်။

အမှားများလွန်းတဲ့မတ်ဇ်ခံစစ်ကြောင်းကလည်းထိပ်သီးတိုက်စစ်မှူးတွေများလှတဲ့ပီအက်စ်ဂျီတိုက်စစ်ထိုးဖောက်မှုကိုဟန့်တားဖို့မလွယ်လောက်ပါဘူး။ခြေစွမ်းနဲ့လူအင်အားအရမ်းကိုကွာခြားလွန်းလို့ပီအက်စ်ဂျီရဲ့ဂိုးပြတ်အောင်ပွဲကိုလက်ခုပ်တီးပေးရမယ်။

zawgyi




