”အပြာရောင်အချစ်ညထဲ ပျော်ပါးလိုက်”

တနင်္ဂနွေည အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

မန်စီးတီး နှင့် ဘာမင်ဂမ် (ည ၈:၀၀)(စိုင်းကို- တောင်ကြီး)

ချန်ပီယံတန်းဆင်းဇုန်နားရုန်းကန်နေရတဲ့ဘာမင်ဂမ်ဟာခံစစ်ယိုယွင်းလွန်းပြီးတိုက်စစ်ကလည်းအတော်လေးအသက်မဲ့လာတဲ့အသင်းဖြစ်ပါတယ်။မန်စီးတီးကတော့လတ်တလောမှာနိုင်ပွဲတွေဆက်တိုက်ရရှိနေပြီးအရန်အင်အားလည်းတောင့်တင်းလွန်းတဲ့အသင်းပါ။

ဘယ်လိုလူစာရင်းပဲသုံးသုံးမန်စီးတီးကဘာမင်ဂမ်ထက်ခြေအရမ်းသာလွန်ပါတယ်။မန်စီးတီးအနိမ့်ဆုံး၃ဂိုးပြတ်နိုင်ဖို့မခက်ပါဘူး။ အပြာရောင်အချစ်ညထဲမှာပျော်ပါးလိုက်ပါ။

zawgyi




