ခြင်္သေ့တို့မျက်ရည် ပင်လယ်ဝေသွားစေရမယ်
စနေည ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
မန်စီးတီး နှင့် ချဲလ်ဆီး (ည ၁း၃၀)(စိုင်းကို.တောင်ကြီး)
ပြီးခဲ့တဲ့လတုန်းက အက်ဖ်အေဖလားပွဲအဖြစ် ယှဉ်ပြိုင်တော့ ချဲလ်ဆီး ပွတ်ကာသီကာ အနိုင်ရရှိခဲ့တယ်။ဒီရာသီ ပရီးမီးယားလိဂ်မှာတော့ တစ်ပွဲစီအနိုင်ရရှိခဲ့တာပါ။နည်းပြတူချယ်ရောက်ရှိလာပြီးနောက်ပိုင်း ချဲလ်ဆီးရဲ့ခံစစ်ကြောင်း လုံခြုံလာတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ ခံစစ်ပြန်လည်ပွင့်ထွက်ပြီး အခုဆိုရင် သူတို့ရဲ့ နောက်ဆုံး ၅ပွဲဆက်တိုက် ပေးဂိုးတွေရှိထားတဲ့အထိ ယိုယွင်းလာတယ်။မန်စီးတီးကတော့ ဒီဘရိုင်း၊ အဂူရို၊ ဂျီးဆပ်စ်၊ ဖိုဒန်တို့ အတွဲအဖက်မိမှုနဲ့အတူ တိုက်စစ်အားကောင်းနေတဲ့အသင်းပါ။
မန်စီးတီးတိုက်စစ် ထိုးဖောက်အားကို အမှားများတဲ့ ချဲလ်ဆီးခံစစ် ထိန်းချုပ်ဖို့မလွယ်ဘူး။ချဲလ်ဆီးဘယ်လိုပဲ ခံစစ်ဆင်ဆင် မန်စီးတီး ဂိုးရကိုရမှာပါ။မန်စီးတီးရဲ့ဂိုးတွေကိုပဲ လက်ချိုးရေတွက်ရပါလိမ့်မယ်။
ချန်ပီယံလိဂ်ဆိုတဲ့ ဆုဖလားကြီးကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မန်စီးတီး ဆွတ်ခူးနိုင်မှာမြေကြီးလက်ခတ်မလွဲပါဘူး။မိုးပြာကောင်းကင်ကြီးအောက်မှာ ခြင်္သေ့တို့မျက်ရည် ပင်လယ်ဝေသွားစေရမယ်။
zawgyi