ကြီးမားတဲ့ပရိုဂျက်တာဖြင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပြသရန်မန်စီးတီးစီစဉ်နေ
မန်စီးတီးဟာချဲလ်ဆီးနှင့်ရင်ဆိုင်ကစားရမယ့်ချန်ပီယံလိဂ်ဗိုလ်လုပွဲအားအီတီဟတ်ကွင်းတွင်ကြီးမားတဲ့ပရိုဂျက်တာဖြင့်ပြသရန်စီစဉ်နေပါတယ်။
ဒါပေမယ့်မန်စီးတီးရဲ့မြို့ခံပြိုင်ဘက်မန်ယူကတော့ပရိသတ်များရဲ့သပိတ်မှောက်ဆန္ဒပြနိုင်တဲ့အနေအထားကြောင့်ယူရိုပါလိဂ်ဗိုလ်လုပွဲကိုအိုးထရက်ဖို့ဒ်မှာပြသမယ့်အခြေအနေမျိုးမှာမရှိပါဘူး။
မန်စီးတီးဟာမေလ၂၃ရက်နေ့တွင်ကစားမယ့်အဲဗာတန်နှင့်ပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံးပွဲစဉ်ကိုပရိသတ်၁၀၀၀၀အထိဝင်ရောက်ကြည့်ခွင့်ရရှိရန်မျှော်လင့်နေပါတယ်။
မန််စီးတီးဟာမေလ၂၉ရက်နေ့တွင်အစ်စတန်ဘူလ်တွင်ကစားမယ့်ချဲလ်ဆီးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက်လက်မှတ်ခွဲတမ်း၄၀၀၀ရရှိပါမယ်။မန်စီးတီးဟာအဲဗာတန်နှင့်ပွဲတွင်ပရိသတ်၁၀၀၀၀ကြည့်ခွင့်ပေးပြီးချဲလ်ဆီးနှင့်ချန်ပီယံလိဂ်ပွဲကိုပရိုဂျက်တာဖြင့်ပြသရေးစမ်းသပ်ဖို့ရှိပါတယ်။
အခြားတစ်ဖက်မှာမန်ယူဟာပထမအကျော့တုန်းကရိုးမားကို၆-၂ဂိုးဖြင့်အနိုင်ရရှိထားမှုကြောင့်ဗိုလ်လုပွဲသို့ တက်နိုင်မယ့်အခြေအနေရှိပေမယ့်ပရိသတ်များရဲ့သပိတ်ကြောင့်ယူရိုပါလိဂ်ဗိုလ်လုပွဲကိုပြသလာဖို့မရှိပါဘူး။
zawgyi
အီတီဟတ်ကွင်းတွင် ကြီးမားတဲ့ပရိုဂျက်တာဖြင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပြသရန် မန်စီးတီးစီစဉ်နေ