ဟာလန်းတို့ ဂိုးသွင်းလေ့ကျင့်ဦးမယ့်ပွဲ

ဗုဒ္ဓဟူးည ချန်ပီယံလိဂ်အုပ်စုပွဲစဉ်-၃ ပွဲကြိုသုံးသပ်ချက်

မန်စီးတီး နှင့် ကိုပင်ဟေဂင်(ည ၁း၃၀)(သတိုးမှော်ဘီ)

မန်ချက်စတာဒါဘီမှာဂိုးဒါဇင်ဝက်သွင်းထားတာဆိုတော့လက်ရှိအချိန်မှာမန်စီးတီးဟာတားဆီးလို့မရနိုင်တဲ့အသင်းပါ။မတရားဖြစ်နေတဲ့ဟာလန်းကလည်းအိမ်ကွင်းဆိုပိုပြီးဂိုးမြူးတတ်ပါတယ်။

ဒိန်းမတ်ကလပ်ကိုပင်ဟေဂင်ဟာအုပ်စုတွင်းအဝေးကွင်းမှာဒေါ့မန်ကိုတောင် ၃ ဂိုးပြတ်ရှုံးထားတာပါ။ဟာလန်းတို့ ဂိုးသွင်းလေ့ကျင့်ဦးမယ့်ပွဲပါပဲ။

zawgyi




