ချန်ပီယံလိဂ်ဖလားဆွတ်ခူးလျှင်ဆုကြေးသန်းချီရရှိမယ့်ကစားသမားများ

မန်စီးတီးကစားသမားများဟာချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်လျှင်အပိုဆုကြေးငွေများစွာရရှိမှာဖြစ်ကြောင်းသိရပါတယ်။The Sun သတင်းစာရဲ့ဖော်ပြချက်အရမန်စီးတီးသာချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်လျှင်ကစားသမားတစ်ဦးလျှင်အပိုဆုကြေးငွေပေါင်၁သန်းအထိရရှိနိုင်မှာဖြစ်ကြောင်းသိရပါတယ်။

ပက်ဂွါဒီယိုလာဦးဆောင်တဲ့မန်စီးတီးဟာပရီးမီးယားလိဂ်ဖလား၊ချန်ပီယံလိဂ်ဖလား၊လိဂ်ဖလားသုံးလုံးတို့ဆွတ်ခူးနိုင်မယ့်အခြေအနေမှာရှိနေပြီးစုစုပေါင်းအပိုဆုကြေးငွေပေါင်၁၅သန်းအထိရရှိပါမယ်။

မန်စီးတီးမှစူပါကစားသမားများဖြစ်ကြတဲ့ကီဗင်ဒီဘရိုင်းတို့ကဲ့သို့ကစားသမားများရဲ့စာချုပ်တွင်ချန်ပီယံလိဂ်ဖလားဆွတ်ခူးလျှင်အပိုဆုကြေးငွေများစွာရရှိမယ့်အချက်ကိုစာချုပ်အတွင်းမှာထည့်သွင်းထားမယ်လို့ယူဆရပါတယ်။

ကစားသမားအများစုမှာကလပ်သမိုင်းတစ်လျှောက်ပထမဆုံးချန်ပီယံလိဂ်ဖလားဆွတ်ခူးလျှင်အပိုဆုကြေးငွေပေါင်၂၅၀၀၀၀ဝန်းကျင်ရရှိပါမယ်။

မန်စီးတီးဟာယခုလနှောင်းပိုင်းတွင်အစ္စတန်ဘူလ်မှာကစားရမယ့်ချဲလ်ဆီးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်အနိုင်ရရှိပါကပေါင်သန်း၁၀၀အထိရရှိမယ့်အခြေအနေမှာရှိပါတယ်။ဒါပေမယ့်၎င်းတို့ဟာရှုံးနိမ့်လျှင်ပေါင်၁၆.၅သန်းအထိနစ်နာရမယ့်အခြေအနေမှာရှိပါတယ်။

ဂွါဒီယိုလာရဲ့မန်စီးတီးဟာစနေနေ့တွင်ကစားရမယ့်ချဲလ်ဆီးနှင့်ပရီးမီးယားလိဂ်ပွဲစဉ်တွင်အနိုင်ရရှိပါကပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်မှာဖြစ်ပြီးနောက်ထပ်ဆုကြေးငွေပေါင်သန်း၁၅၀ဝန်းကျင်ရရှိပါမယ်။

မန်စီးတီးပထမအသင်းမှကစားသမားတို့ဟာပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်မှုကြောင့်တစ်ဦးလျှင်အပိုဆုကြေးငွေပေါင်၁၅၀၀၀၀ဝန်းကျင်ရရှိမှာဖြစ်ပါတယ်။မန်စီးတီးဟာကာရာဘောင်းဖလားအားဆွတ်ခူးထားပြီးဖြစ်ကာကစားသမားများမှာလည်းအပိုဆုကြေးငွေရရှိထားပြီးဖြစ်ပါတယ်။

zawgyi

ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးလွ်င္ဆုေၾကးသန္းခ်ီရရွိမယ့္ကစားသမားမ်ား

မန္စီးတီးကစားသမားမ်ားဟာခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္လွ်င္အပိုဆုေၾကးေငြမ်ားစြာရရွိမွာျဖစ္ေၾကာင္းသိရပါတယ္။The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရမန္စီးတီးသာခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္လွ်င္ကစားသမားတစ္ဦးလွ်င္အပိုဆုေၾကးေငြေပါင္၁သန္းအထိရရွိႏိုင္မွာျဖစ္ေၾကာင္းသိရပါတယ္။

ပက္ဂြါဒီယိုလာဦးေဆာင္တဲ့မန္စီးတီးဟာပရီးမီးယားလိဂ္ဖလား၊ခ်န္ပီယံလိဂ္ဖလား၊လိဂ္ဖလားသုံးလုံးတို႔ဆြတ္ခူးႏိုင္မယ့္အေျခအေနမွာရွိေနၿပီးစုစုေပါင္းအပိုဆုေၾကးေငြေပါင္၁၅သန္းအထိရရွိပါမယ္။

မန္စီးတီးမွစူပါကစားသမားမ်ားျဖစ္ၾကတဲ့ကီဗင္ဒီဘ႐ိုင္းတို႔ကဲ့သို႔ကစားသမားမ်ားရဲ႕စာခ်ဳပ္တြင္ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးလွ်င္အပိုဆုေၾကးေငြမ်ားစြာရရွိမယ့္အခ်က္ကိုစာခ်ဳပ္အတြင္းမွာထည့္သြင္းထားမယ္လို႔ယူဆရပါတယ္။

ကစားသမားအမ်ားစုမွာကလပ္သမိုင္းတစ္ေလွ်ာက္ပထမဆုံးခ်န္ပီယံလိဂ္ဖလားဆြတ္ခူးလွ်င္အပိုဆုေၾကးေငြေပါင္၂၅၀၀၀၀ဝန္းက်င္ရရွိပါမယ္။

မန္စီးတီးဟာယခုလေႏွာင္းပိုင္းတြင္အစၥတန္ဘူလ္မွာကစားရမယ့္ခ်ဲလ္ဆီးႏွင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္အႏိုင္ရရွိပါကေပါင္သန္း၁၀၀အထိရရွိမယ့္အေျခအေနမွာရွိပါတယ္။ဒါေပမယ့္၎တို႔ဟာရႈံးနိမ့္လွ်င္ေပါင္၁၆.၅သန္းအထိနစ္နာရမယ့္အေျခအေနမွာရွိပါတယ္။

ဂြါဒီယိုလာရဲ႕မန္စီးတီးဟာစေနေန႔တြင္ကစားရမယ့္ခ်ဲလ္ဆီးႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္တြင္အႏိုင္ရရွိပါကပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္မွာျဖစ္ၿပီးေနာက္ထပ္ဆုေၾကးေငြေပါင္သန္း၁၅၀ဝန္းက်င္ရရွိပါမယ္။

မန္စီးတီးပထမအသင္းမွကစားသမားတို႔ဟာပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္မႈေၾကာင့္တစ္ဦးလွ်င္အပိုဆုေၾကးေငြေပါင္၁၅၀၀၀၀ဝန္းက်င္ရရွိမွာျဖစ္ပါတယ္။မန္စီးတီးဟာကာရာေဘာင္းဖလားအားဆြတ္ခူးထားၿပီးျဖစ္ကာကစားသမားမ်ားမွာလည္းအပိုဆုေၾကးေငြရရွိထားၿပီးျဖစ္ပါတယ္။