ဗုဒ္ဓဟူးညချမ်းအတွက် အကောင်းဆုံးရွေးထုတ်ထားသော ရိုက်ကွက်(၅)မျိုးဖြင့် မိတ်ဆက်ပေးခြင်း

ဗုဒ္ဓဟူးညချမ်းအတွက် အကောင်းဆုံးရွေးထုတ်ထားသော ရိုက်ကွက်(၅)မျိုးဖြင့် မိတ်ဆက်ပေးခြင်း

Tipster Thiri Shinn Thant

ပထမဆုံးသောပွဲစဉ်အဖြစ်မန်စီးတီး(၂-၃၅,၃-၆၅)စပို့တင်းလစ္စဘွန်းတို့၏ ချန်ပီယံလိဒ်(၁၆)သင်းအဆင့်၊ရှုံးထွက်(ဒုတိယအကျော့)ပွဲစဉ်အားသုံးသပ် တင်ပြပေးပါမည်။ပထမအကျော့မှာ(၀:၅)ဖြင့်ပြတ်ပြတ်သားသားနိုင်ထားတာကြောင့်အိမ်ရှင်မန်စီးတီးအနေဖြင့်ယခုပွဲစဉ်အားသာမန်လောက်သာအား ထုတ်လာမှာပါ။

ခက်တာကမန်စီးတီး၏ကစားသမား(အရံ)အင်အားဟာအတော်လေးကြောက်ဖို့ကောင်းသည့်အချက်ပါပဲ။ဘယ်ကစားသမားပဲပွဲထုတ်၊ပွဲထုတ်မန်စီးတီးကွင်းလယ်နှင့်ရှေ့တန်းဟာအလုပ်ဖြစ်နေတာမို့နောက်တန်းအနေအထားသာအနည်းငယ်အားနည်းနိုင်တာပါ။အကြိုစာရင်းအရတော့မန်စီးတီးအသင်းဟာစပိန်လက်ရွေးစင်လာပေါ်တီကို လူငယ်ကစားသမားအမ်ဘီတီနှင့်တွဲဖက်၍ပွဲထုတ်လာဖို့ရှိနေပြီးနောက်တန်းတောင်ပံနှစ်ဘက်ကိုတော့ဂျွန်စတုန်း၊ဇင်ချန်ကိုတို့ဖြင့်ခင်းကျင်းလာပါလိမ့်မည်။ဧည့်သည်ဘက်ကတော့ပါဘလိုဆဘီးယား၊နူနိုဆန်းတိုစ့်၊ဆလီမာနီတို့၏တိုက်စစ်ဖြင့်ပုံဖော်လာမှာဖြစ်ပြီး ဂိုးပေါက်ကိုတော့စပိန်ကစားသမားအန်တိုနီယိုအဒမ်ကတာဝန်ယူပါလိမ့်မည်။

ဈေးကွက်၏ဘော်ဒီနှင့်ဂိုးပေါင်းဝင်ရိုးအရရော၊မန်စီးတီးကွင်းမှာ(၂)ကြိမ်သွားရောက်ပြီးကစားခဲ့ဖူးသည့်စပို့တင်းလစ္စဘွန်း၏ ရလာဒ်တွေအရပါ(၂) ဂိုးပြတ်ဖြင့်အရေးနိမ့်ထားခြင်းမရှိခဲ့ဘူးသည့်အစဉ်အလာကြောင့်ပထမအကျော့(၀:၅)ကို ခတ္တခဏမေ့ထားပြီး ” Sporting CP ” အားဖိုက်တာ(၁) အတွက်ပစ်မှတ်ထားပါမည်။

zawgyi




