”မန်ချက်စတာတောအုပ်အလယ် ဝံပုလွေတွေ အမြီးလေးကုပ်လို့”

အင်္ဂါည ပရီးမီးယားလိဂ် ပွဲစဉ်-၂၉ ကြိုကန်ပွဲ ပွဲကြိုသုံးသပ်ချက်

မန်စီးတီး နှင့် ဝုဗ် (ည ၂:၃၀)(အိုဇုန်း)

ပရီးမီးယားလိဂ်နောက်ဆုံး ၅ပွဲဆက်တိုက်အရှုံးမရှိရလဒ်တွေ ဆက်တိုက်ရယူထားနိုင်တဲ့ဝုဗ်ရဲ့လတ်တလောခြေစွမ်းကအားရစရာပါ။အဲဒီ ၅ပွဲမှာအာဆင်နယ်၊ ဆောက်သမ်တန်နဲ့ လိဒ်တို့ကို အနိုင်ရရှိပြီးလက်စတာနဲ့ နယူးကာဆယ်တို့ကိုသရေကျခဲ့ပါတယ်။

ဒါပေမဲ့အဝေးကွင်းဆိုရင်တော့အသင်းကြီးတွေကို သူတင်ကိုယ်တင်ယှဉ်ကစားနိုင်စွမ်းမရှိဘဲပိုဒန်စီနဲ့ ဂျီမီနက်ဇ်တို့လိုအဓိကအားထားရသူတွေလည်းနာနေကြတယ်။မန်စီးတီးကတော့ဒုတိယနေရာကမန်ယူကိုတောင် ၁၂မှတ်အထိ ဖြတ်ထားလိုက်ပြီးဇယားကိုအပြတ်အသတ်ဦးဆောင်နေတဲ့အသင်းပီပီစုဖွဲ့ကစားအားနဲ့ ခြေစွမ်းပိုင်း၊ စိတ်ဓာတ်မြင့်မားလွန်းလှတဲ့အသင်းပါ။

စတာလင်၊ ဂန်ဒိုဂန်တို့ ခြေစွမ်းပြမှုနဲ့အတူမန်စီးတီးတိုက်စစ်ကပုံမှန်ဂိုးသွင်းအားရှိပြီး အိမ်ကွင်းဆိုရင်ခံစစ်ကလည်းလုံခြုံလွန်းလှတယ်။ဒါကြောင့်ဝုဗ်အနေနဲ့ ဘယ်လောက်ပဲခြေမာမာရှုံးဖို့အချိန်တော့တန်နေပါပြီ။

ခြေစွမ်းနဲ့လူအင်အားသာလွန်ပြီးအိမ်ရှင်ဖြစ်နေတာကြောင့်လည်းမန်စီးတီးဘက်က ၂+၃၀ အကျောပေးထားတာပါ။မန်စီးတီးရဲ့အနိုင်ရလဒ်ကပြတ်ပြတ်သားသားဖြစ်သွားဖို့သေချာတယ်။ မန်ချက်စတာတောအုပ်အလယ်ဝံပုလွေတွေ အမြီးကုပ်လို့ပေါ့။

zawgyi




