McDonald နှင့် ဝေးဝေးမှာ နေခဲ့လျှင် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာနိုင်တဲ့ အင်ဒါဆင်

မန်ယူညာနောက်ခံလူဟောင်းရာဖေးလ်ကမန်ယူကစားဖော်ဟောင်းအင်ဒါဆင်မှာဘာဂါနှင့်ဝေးဝေးနေလျှင်ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာနိုင်တဲ့ကစားသမားမျိုးဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

အင်ဒါဆင်ဟာ၂၀၀၇ခုနှစ်တုန်းကကမ္ဘာ့အလားအလာအကောင်းဆုံးလူငယ်ကစားသမားတစ်ဦးအဖြစ်ပေါ်တိုမှအိုးထရက်ဖို့ဒ်သို့ရောက်လာခဲ့တဲ့သူဖြစ်ပါတယ်။

သူဟာမန်ယူနှင့်အတူပရီးမီးယားလိဂ်ဖလား၄ကြိမ်ဆွတ်ခူးခဲ့တဲ့အပြင်၂၀၀၈ခုနှစ်တုန်းကချဲလ်ဆီးကိုအနိုင်ယူပြီးချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်းကြံ့ခိုင်မှုပိုင်းပြဿနာ၊ခြေစွမ်းမမှန်မှုတို့ကြောင့် အိုးထရက်ဖို့ဒ်တွင်၇နှစ်ခွဲကစားစဉ်အတွင်း၁၁၈ပွဲတည်းသာပွဲထွက်ကစားနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်တွင်တူရကီကလပ်အစ္စတန်ဘူလ်ဘာဆာဆီဟာတွင်ကစားနေတဲ့ရာဖေးလ်ဟာသူ့အမြွှာညီအစ်ကိုဖြစ်တဲ့ဖေဘီယိုနှင့်ပူးတွဲရေးသားတဲ့ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်အတွင်းမှာအားလုံးမျှော်လင့်ထားသလို အင်ဒါဆင်မဖြစ်လာခဲ့တဲ့အကြောင်းရင်းကိုဖွင့်ချလာပါတယ်။

အသက်၃၁နှစ်ရှိရာဖေးလ်က “အသင်းကားထက်မှာရှိနေတဲ့အချိန်မှာကားလမ်းထက်မှာ မက်ဒေါ်နယ်မြင်လိုက်ပြီဆိုတာ အင်ဒါဆင်ဟာမက်ဒေါ်နယ်၊မက်ဒေါ်ဆိုပြီးအော်ပါတော့တယ်။ဒီဘဲကငကြောင်။ဒါပေမယ့်သူ့ကိုချစ်တယ်။သူ့ကိုဘောလုံးတစ်လုံးပေးလိုက်တယ်။သူ့စိတ်ကြိုက်ဘောလုံးကျွမ်းကျင်မှုတွေကစားပြလိမ့်မယ်။သူသာအကောင်းဆုံးပုံစံရနေတယ်ဆိုရင်လည်းပွဲတွေမှာဘယ်ကစားသမားမျိုးနဲ့မဆိုရင်ဘောင်တန်းပြီးကစားနိုင်စွမ်းရှိတယ်။သူဟာဒဏ်ရာတွေအများကြီးရတယ်။နောက်တော့အစားအသောက်ကသူ့ကိုရိုက်ခတ်မှုရှိလာတယ်။ပွဲတော်တော်များများသူအကောင်းဆုံးကစားနိုင်တယ်ဆိုတာသူအစားအသောက်သိပ်မစားတဲ့ကာလမျိုးဖြစ်နေလို့ပါ။တိုက်ဆိုင်မှုမဟုတ်ပါဘူး။တကယ်လို့သူဟာပရော်ဖက်ရှင်နယ်ပီပီသသနေခဲ့မယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံးကစားသမားတောင်ဖြစ်နိုင်ပါတယ်။သူ့ဘက်ကအလေးအနက်ထားခဲ့သလားမထားဘူးလားမသိပါဘူး။သူကပေါ့ပေါ့ပါးပါးနဲ့ဘဲဘဝကိုဖြတ်သန်းသူပါ”လို့ပြောကြားသွားပါတယ်။

အင်ဒါဆင်ဟာမန်ယူမှထွက်ခွာပြီးနောက်အင်တာနေစီယွန်နယ်၊ကော်တီဘာ၊အေဒါနာဒီမာစပေါ်တို့မှာကစားခဲ့ပြီး၂၀၂၀ခုနှစ်၊စက်တင်ဘာလမှာကစားသမားဘဝမှအနားယူခဲပါတယ်။

သူဟာဘရာဇီးအသင်းအတွက်၈ပွဲတည်းသာကစားခွင့်ရရှိခဲ့သော်လည်း၂၀၁၇ခုနှစ်ကိုပါအမေရိကဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

McDonald ႏွင့္ ေဝးေဝးမွာ ေနခဲ့လွ်င္ ကမာၻ႔အေကာင္းဆုံးကစားသမားျဖစ္လာႏိုင္တဲ့ အင္ဒါဆင္

မန္ယူညာေနာက္ခံလူေဟာင္းရာေဖးလ္ကမန္ယူကစားေဖာ္ေဟာင္းအင္ဒါဆင္မွာဘာဂါႏွင့္ေဝးေဝးေနလွ်င္ကမာၻ႔အေကာင္းဆုံးကစားသမားျဖစ္လာႏိုင္တဲ့ကစားသမားမ်ိဳးျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အင္ဒါဆင္ဟာ၂၀၀၇ခုႏွစ္တုန္းကကမာၻ႔အလားအလာအေကာင္းဆုံးလူငယ္ကစားသမားတစ္ဦးအျဖစ္ေပၚတိုမွအိုးထရက္ဖို႔ဒ္သို႔ေရာက္လာခဲ့တဲ့သူျဖစ္ပါတယ္။

သူဟာမန္ယူႏွင့္အတူပရီးမီးယားလိဂ္ဖလား၄ႀကိမ္ဆြတ္ခူးခဲ့တဲ့အျပင္၂၀၀၈ခုႏွစ္တုန္းကခ်ဲလ္ဆီးကိုအႏိုင္ယူၿပီးခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ေပမယ့္လည္းႀကံ့ခိုင္မႈပိုင္းျပႆနာ၊ေျခစြမ္းမမွန္မႈတို႔ေၾကာင့္ အိုးထရက္ဖို႔ဒ္တြင္၇ႏွစ္ခြဲကစားစဥ္အတြင္း၁၁၈ပြဲတည္းသာပြဲထြက္ကစားႏိုင္ခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္တူရကီကလပ္အစၥတန္ဘူလ္ဘာဆာဆီဟာတြင္ကစားေနတဲ့ရာေဖးလ္ဟာသူ႔အႁမႊာညီအစ္ကိုျဖစ္တဲ့ေဖဘီယိုႏွင့္ပူးတြဲေရးသားတဲ့ကိုယ္ေရးအတၳဳပၸတၱိစာအုပ္အတြင္းမွာအားလုံးေမွ်ာ္လင့္ထားသလို အင္ဒါဆင္မျဖစ္လာခဲ့တဲ့အေၾကာင္းရင္းကိုဖြင့္ခ်လာပါတယ္။

အသက္၃၁ႏွစ္ရွိရာေဖးလ္က “အသင္းကားထက္မွာရွိေနတဲ့အခ်ိန္မွာကားလမ္းထက္မွာ မက္ေဒၚနယ္ျမင္လိုက္ၿပီဆိုတာ အင္ဒါဆင္ဟာမက္ေဒၚနယ္၊မက္ေဒၚဆိုၿပီးေအာ္ပါေတာ့တယ္။ဒီဘဲကငေၾကာင္။ဒါေပမယ့္သူ႔ကိုခ်စ္တယ္။သူ႔ကိုေဘာလုံးတစ္လုံးေပးလိုက္တယ္။သူ႔စိတ္ႀကိဳက္ေဘာလုံးကြၽမ္းက်င္မႈေတြကစားျပလိမ့္မယ္။သူသာအေကာင္းဆုံးပုံစံရေနတယ္ဆိုရင္လည္းပြဲေတြမွာဘယ္ကစားသမားမ်ိဳးနဲ႔မဆိုရင္ေဘာင္တန္းၿပီးကစားႏိုင္စြမ္းရွိတယ္။သူဟာဒဏ္ရာေတြအမ်ားႀကီးရတယ္။ေနာက္ေတာ့အစားအေသာက္ကသူ႔ကို႐ိုက္ခတ္မႈရွိလာတယ္။ပြဲေတာ္ေတာ္မ်ားမ်ားသူအေကာင္းဆုံးကစားႏိုင္တယ္ဆိုတာသူအစားအေသာက္သိပ္မစားတဲ့ကာလမ်ိဳးျဖစ္ေနလို႔ပါ။တိုက္ဆိုင္မႈမဟုတ္ပါဘူး။တကယ္လို႔သူဟာပေရာ္ဖက္ရွင္နယ္ပီပီသသေနခဲ့မယ္ဆိုရင္ ကမာၻ႔အေကာင္းဆုံးကစားသမားေတာင္ျဖစ္ႏိုင္ပါတယ္။သူ႔ဘက္ကအေလးအနက္ထားခဲ့သလားမထားဘူးလားမသိပါဘူး။သူကေပါ့ေပါ့ပါးပါးနဲ႔ဘဲဘဝကိုျဖတ္သန္းသူပါ”လို႔ေျပာၾကားသြားပါတယ္။

အင္ဒါဆင္ဟာမန္ယူမွထြက္ခြာၿပီးေနာက္အင္တာေနစီယြန္နယ္၊ေကာ္တီဘာ၊ေအဒါနာဒီမာစေပၚတို႔မွာကစားခဲ့ၿပီး၂၀၂၀ခုႏွစ္၊စက္တင္ဘာလမွာကစားသမားဘဝမွအနားယူခဲပါတယ္။

သူဟာဘရာဇီးအသင္းအတြက္၈ပြဲတည္းသာကစားခြင့္ရရွိခဲ့ေသာ္လည္း၂၀၁၇ခုႏွစ္ကိုပါအေမရိကဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။