စနေည အင်္ဂလန်အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး နှင့် ဘန်လေ(ည ၁၂း၁၅)(မော်ကွန်း)
ဂွါဒီယိုလာနဲ့ ကွန်ပနီတို့ ဆရာတပည့်နှစ်ယောက်ဟာနည်းပြဘ၀ပထမဆုံးအကြိမ်အဖြစ်ထိပ်တိုက်တွေ့နေကြတာပါ။မန်စီးတီးကလောလောလတ်လတ် ချန်ပီယံလိဂ်မှာလစ်ပ်ဇစ်ကို ၇ ဂိုးသွင်းထားပြီးအက်ဖ်အေဖလားရဲ့ပြီးခဲ့တဲ့အဆင့်တုန်းကလည်းချန်ပီယံရှစ်အသင်းတစ်သင်းဖြစ်တဲ့ဘရစ္စတိုးကို အ ဝေးကွင်း ၃ ဂိုးပြတ်ထားပါတယ်။ဒါ့အပြင်ဂွါဒီယိုလာရဲ့အသင်းဟာ ၂၀၂၃ ထဲကအိမ်ကွင်း ၇ ပွဲစလုံးကိုအနိုင်ရထားတာပါ။
ကွန်ပနီရဲ့အသင်းကတော့ချန်ပီယံရှစ်မှာအမှတ်ဖြတ်ဦးဆောင်နိုင်နေပေမယ့်ပရီးမီးယားလိဂ်အသင်းကြီးတွေကိုဒုက္ခပေးနိုင်စွမ်းမရှိသေးပါဘူး။ကာရာဘောင်းတုန်းကလည်းမန်ယူနဲ့အတွေ့ အိုးလ်ထရက်ဖို့ဒ်ကနေ ၂-၀ အရှုံးနဲ့ လှည့်ပြန်ခဲ့ရတယ်။အာတီတာတောင်ဂွါဒီယိုလာကိုလုံးပြန်မလှန်နိုင်လို့ကွန်ပနီဆို အဝေးကြီးပါ။
zawgyi
တပည့်ဖြစ်သူကွန်ပနီကို သင်ခန်းစာပေးမယ့် ဂွါဒီယိုလာ