အီတီဟတ်မှာ မန်စီးတီးပဲ ဂိုးပြတ်နိုင်ဖို့ရှိ

ပရီးမီးယားလိဂ်ပွဲစဉ် (၁၂) တနင်္ဂနွေနေ့ပွဲကြိုသုံးသပ်ချက်

မန်စီးတီး နှင့် အဲဗာတန် (ည၈း၃၀)(စိုင်းကို တောင်ကြီး)

အဲဗာတန်ရဲ့ခံစစ်ဟာယုံကြည်စိတ်ချရတဲ့အဆင့်မှာမရှိတာကြောင့်မန်စီးတီးကွင်းမှာသရေတစ်မှတ်ရဖို့ဘင်နီတက်ဇ်ဘယ်လိုပဲပြင်ဆင်လာပါစေမန်စီးတီးကိုတော့လုံး၀ဂိုးပေးရနိုင်ပါတယ်။

ပရီးမီးယားလိဂ်နောက်ဆုံးတွေ့ဆုံမှု ၇ ကြိမ်စလုံးလည်းမန်စီးတီးကပဲနိုင်ခဲ့တာပါ။လက်ရှိမှာလည်းအဲဗာတန်ဟာဒဏ်ရာရ ကစားသမားတွေများနေလို့ ပရီးမီးယားလိဂ် ၅ ပွဲဆက်အနိုင်မရတဲ့အထိအခြေအနေဆိုးနေပါတယ်။ဂိုးပြတ်နိုင်ဦးမယ့်မန်စီးတီးကိုပဲဆက်ရွေးရမှာပါ။

zawgyi




