
မန်စီးတီးပိုင်ရှင်များဟာပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့်စွဲချက်တင်ခြင်းခံရပြီးနောက်ပုံမှန်မဟုတ်တဲ့အရာတစ်ခုလုပ် ဆောင်လာပါတယ်။မန်စီးတီးပိုင်ရှင်တို့ဟာနောက်ထပ်အသင်းတစ်သင်းကိုဝယ်ယူရန်အပြီးသတ်လုအနေအထားသို့ရောက်နေတာဖြစ်ပါတယ်။
မန်စီးတီးဟာ၂၀၀၉ခုနှစ်မှ၂၀၁၈ခုနှစ်အတွင်းဘဏ္ဍာရေးစည်းမျဉ်းများချိုးဖောက်မှုကြောင့်စွဲချက်တစ်ရာကျော်စွဲချက်တင်ခြင်းခံထားရပါတယ်။
ဒါကြောင့်လည်းမန်စီးတီးဟာရမှတ်အလျှော့ခံရခြင်း၊ကြီးလေးတဲ့ဒဏ်ရိုက်ခံရခြင်း၊ချန်ပီယံဘွဲ့ရုတ်သိမ်းခံရခြင်းတို့ပြုလုပ်ခံလာရဖို့ရှိပါတယ်။
ဒါပေမဲ့မန်စီးတီးနည်းပြဂွါဒီယိုလာကတော့၎င်းတို့ရရှိခဲ့တဲ့အောင်မြင်မှုများမှာ၎င်းတို့နှင့်အတူရာသက်ပန်ရှိနေလိမ့်မယ်ဖြစ်ကြောင်းပြောကြားလာပါတယ်။
တဖက်တွင်မန်စီးတီးပိုင်ရှင်များဟာဘရာဇီးကလပ်အီးစီဘာဟီယာရဲ့ရှယ်ယာ၉၀ရာခိုင်နှုန်းကိုဝယ်ယူရန်နီးစပ်နေကြောင်းသိရပါတယ်။
မန်စီးတီးရဲ့အမှုဆောင်ချုပ်ဖာရန်ဆိုရီယာနိုဟာဘာဟီယာကိုဝယ်ယူရေးအဓိကနေရာမှလုပ်ဆောင်နေပါတယ်။
တဖက်တွင်ဘာဟီယာပရိသတ်များကလည်း အသင်းကိုရောင်းချရေးအတွက်မဲပေးထောက်ခံနေပါတယ်။မဲပေးပွဲကိုပရိသတ်၄၈၀၀၀ဆန့် Arena Fonte Nova တွင်ပြုလုပ်ခဲ့တာဖြစ်ပြီးကလပ်အဖွဲ့ဝင်၉၈ရာခိုင်နှုန်းတို့ကထောက်ခံခဲ့ပါတယ်။
ဒါကြောင့်လည်းဘာဟီယာဟာ မန်စီးတီးပိုင်ရှင် City Football Group လက်အောက်ရှိ၁၂ခုမြောက်ကလပ်ဖြစ်လာတော့မှာလည်းဖြစ်ပါတယ်။
ဘာဟီယာဟာနောက်ဆုံးအကြိမ်ဘရာဇီးအမှတ်ပေးဖလားဆွတ်ခူးခဲ့တာ၁၉၉၈ခုနှစ်တုန်းကဖြစ်ပြီးတန်းဆင်းခဲ့ရပြီးနောက်၂၀၀၇ခုနှစ်တုန်းကတတိယတန်းမှာကစားခဲ့ရပါတယ်။
မန်စီးတီးဟာဇူလိုင်လတုန်းကအီတလီကလပ်ပါလာမိုကိုပေါင်၁၁.၂သန်းဖြင့်ဝယ်ယူခဲ့ပါတယ်။
၎င်းတို့ဟာထရိုယက်စ်(ပြင်သစ်)၊ဂျီရိုနာ(စပိန်)၊မဲဘုန်းစီးတီး(ဩစတြေးလျ)၊လွမ်မယ်(ဘယ်လ်ဂျီယံ)၊မွန်တီဗီဒီယိုစီးတီးတော်ကေး(ဥရုဂွေး)၊နယူးယောက်ခ်စီးတီး(အမေရိကန်)၊မွမ်ဘိုင်းစီးတီး(အိန္ဒိယ)၊ယိုကိုဟားမားအက်ဖ်မာရီနို့စ်(ဂျပန်)၊Sichuan Jiuniu(တရုတ်)နှင့်ကလပ်ဘိုလီဗီးယား(ဘိုလီဗီးယား)တို့ကိုလည်းပိုင်ဆိုင်ပါတယ်။
ZawGyi
ဘ႑ာေရးစည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္ စြဲခ်က္တင္ခံရၿပီးေနာက္ ၁၂ သင္းေျမာက္ကလပ္ကို ဝယ္ယူလာေတာ့မဲ့ မန္စီးတီးပိုင္ရွင္မ်ား
မန္စီးတီးပိုင္ရွင္မ်ားဟာပရီးမီးယားလိဂ္ရဲ႕ဘ႑ာေရးစည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္စြဲခ်က္တင္ျခင္းခံရၿပီးေနာက္ပုံမွန္မဟုတ္တဲ့အရာတစ္ခုလုပ္ေဆာင္လာပါတယ္။မန္စီးတီးပိုင္ရွင္တို႔ဟာေနာက္ထပ္အသင္းတစ္သင္းကိုဝယ္ယူရန္အၿပီးသတ္လုအေနအထားသို႔ေရာက္ေနတာျဖစ္ပါတယ္။
မန္စီးတီးဟာ၂၀၀၉ခုႏွစ္မွ၂၀၁၈ခုႏွစ္အတြင္းဘ႑ာေရးစည္းမ်ဥ္းမ်ားခ်ိဳးေဖာက္မႈေၾကာင့္စြဲခ်က္တစ္ရာေက်ာ္စြဲခ်က္တင္ျခင္းခံထားရပါတယ္။
ဒါေၾကာင့္လည္းမန္စီးတီးဟာရမွတ္အေလွ်ာ့ခံရျခင္း၊ႀကီးေလးတဲ့ဒဏ္႐ိုက္ခံရျခင္း၊ခ်န္ပီယံဘြဲ႕႐ုတ္သိမ္းခံရျခင္းတို႔ျပဳလုပ္ခံလာရဖို႔ရွိပါတယ္။
ဒါေပမဲ့မန္စီးတီးနည္းျပဂြါဒီယိုလာကေတာ့၎တို႔ရရွိခဲ့တဲ့ေအာင္ျမင္မႈမ်ားမွာ၎တို႔ႏွင့္အတူရာသက္ပန္ရွိေနလိမ့္မယ္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။
တဖက္တြင္မန္စီးတီးပိုင္ရွင္မ်ားဟာဘရာဇီးကလပ္အီးစီဘာဟီယာရဲ႕ရွယ္ယာ၉၀ရာခိုင္ႏႈန္းကိုဝယ္ယူရန္နီးစပ္ေနေၾကာင္းသိရပါတယ္။
မန္စီးတီးရဲ႕အမႈေဆာင္ခ်ဳပ္ဖာရန္ဆိုရီယာႏိုဟာဘာဟီယာကိုဝယ္ယူေရးအဓိကေနရာမွလုပ္ေဆာင္ေနပါတယ္။
တဖက္တြင္ဘာဟီယာပရိသတ္မ်ားကလည္း အသင္းကိုေရာင္းခ်ေရးအတြက္မဲေပးေထာက္ခံေနပါတယ္။မဲေပးပြဲကိုပရိသတ္၄၈၀၀၀ဆန႔္ Arena Fonte Nova တြင္ျပဳလုပ္ခဲ့တာျဖစ္ၿပီးကလပ္အဖြဲ႕ဝင္၉၈ရာခိုင္ႏႈန္းတို႔ကေထာက္ခံခဲ့ပါတယ္။
ဒါေၾကာင့္လည္းဘာဟီယာဟာ မန္စီးတီးပိုင္ရွင္ City Football Group လက္ေအာက္ရွိ၁၂ခုေျမာက္ကလပ္ျဖစ္လာေတာ့မွာလည္းျဖစ္ပါတယ္။
ဘာဟီယာဟာေနာက္ဆုံးအႀကိမ္ဘရာဇီးအမွတ္ေပးဖလားဆြတ္ခူးခဲ့တာ၁၉၉၈ခုႏွစ္တုန္းကျဖစ္ၿပီးတန္းဆင္းခဲ့ရၿပီးေနာက္၂၀၀၇ခုႏွစ္တုန္းကတတိယတန္းမွာကစားခဲ့ရပါတယ္။
မန္စီးတီးဟာဇူလိုင္လတုန္းကအီတလီကလပ္ပါလာမိုကိုေပါင္၁၁.၂သန္းျဖင့္ဝယ္ယူခဲ့ပါတယ္။
၎တို႔ဟာထ႐ိုယက္စ္(ျပင္သစ္)၊ဂ်ီ႐ိုနာ(စပိန္)၊မဲဘုန္းစီးတီး(ဩစေၾတးလ်)၊လြမ္မယ္(ဘယ္လ္ဂ်ီယံ)၊မြန္တီဗီဒီယိုစီးတီးေတာ္ေကး(ဥ႐ုေဂြး)၊နယူးေယာက္ခ္စီးတီး(အေမရိကန္)၊မြမ္ဘိုင္းစီးတီး(အိႏၵိယ)၊ယိုကိုဟားမားအက္ဖ္မာရီႏို႔စ္(ဂ်ပန္)၊Sichuan Jiuniu(တ႐ုတ္)ႏွင့္ကလပ္ဘိုလီဗီးယား(ဘိုလီဗီးယား)တို႔ကိုလည္းပိုင္ဆိုင္ပါတယ္။