အီတီဟတ်မှာ ဂိုးရောင်စုံထွန်းလင်းမယ့်ည

အင်္ဂါည ချန်ပီယံလိဂ် ၁၆ သင်းအဆင့်(ဒု-ကျော့) ပွဲကြိုသုံးသပ်ချက်

မန်စီးတီး နှင့် လစ်ပ်ဇစ်(ည ၂း၃၀)(သတိုးမှော်ဘီ)

ဂျာမန်မြေမှာကစားခဲ့တဲ့ပထမအကျော့တုန်းကပထမပိုင်းမှာသွင်းယူတဲ့မာရက်ဇ်ရဲ့ဂိုးနဲ့ မန်စီးတီးဦးဆောင်နိုင်ခဲ့ပေမယ့်ဒုတိယပိုင်းမှာချေပဂိုးပြန်ပေးခဲ့ရလို့နှစ်သင်းစလုံးအတွက်အခွင့်အရေးဆတူရှိနေဆဲပါ။လက်ရှိအချိန်မှာတော့ဂွါဒီယိုလာရဲ့ ၄ ပွဲဆက်နိုင်ထားသလို ၈ ပွဲဆက်မရှုံးခဲ့ပါဘူး။

ဒါ့အပြင်မန်စီးတီးဟာဒီတစ်ရာသီလုံးကအိမ်ကွင်းအီတီဟတ်မှာမနိုင်တာဆိုလို့ ၂ ပွဲသာရှိခဲ့ပါတယ်။ဒါပေမဲ့လစ်ပ်ဇစ်ကလည်း၂၀၂၃ ထဲမှာပွဲတိုင်းနီးပါးဂိုးရခဲ့တဲ့အသင်းဖြစ်နေတာပါ။မန်စီးတီး၂ ဂိုးပြတ်တာမျှော်မယ့်အစားဂိုးပေါ်ကပိုကောင်းနိုင်ပါတယ်။

zawgyi




