မန်စီးတီး(3-0)မဖြစ်သေးရင်ပွဲပြီးပြီမပြောပါနဲ့

မန်စီးတီး(3-0)မဖြစ်သေးရင်ပွဲပြီးပြီမပြောပါနဲ့

Playmaker 3D

🧶 Nကြယ်မင်း၊ ဟန်စိုးသွေး ၊မင်းနဒီ Change

ပရီးမီးယားလိဂ် ပွဲစဉ်(၁)ပြီးဆုံးသွားပုံဟာနည်းနည်းတော့ဆူညံပါတယ်။ ဆူညံမှုမှာခွဲခြားလို့ရနိုင်တဲ့အနှစ်အသားတွေရှိနေပါသေးတယ်။ အလုံးစုံပျက်သုဉ်းရေးကို ဦးတည်တယ်။ အနိဌာရုံဟာမိနစ်တိုင်းမှာပန်းထွက်နေခဲ့တယ်။ တစ်ဦးနဲ့တစ်ယောက်မယုံကြည်မှုကစလို့ရန်လိုခန်းအထိရှိတယ်။ အဲ့ဒီကဖြစ်သောဆူညံသံဟာမကောင်းသောဆူညံသံပေါ့။ ကြည်လင်တောက်ပတဲ့မှော်သားဓာတ်တွေတလက်လက်စီးဆင်းတာ၊စစ်မှန်သောအောင်ပွဲနဲ့လွတ်မြောက်မှုတွေသဘင်ဆန်နေတာ၊ လူသားရဲ့တီထွင်ဆန်းသစ်မှုနဲ့ ဖန်တီးနိုင်စွမ်းအားတွေမြောက်တက်နေတာကတော့ကောင်းသောအသံပါ။

ဘယ်လိုအရပ်ဒေသနဲ့ အချိန်အခါမှာမဆို တစ်ခုတည်းသောအသံကိုချည်းပိုင်ဆိုင်ရလိမ့်မယ်မဟုတ်ပါဘူး။ ကောင်းသောအသံများပြီး ဆိုးသောအသံနည်းရင် ဒါဟာကျေနပ်စရာကျော်လွှားခဲ့မှုအဖြစ် ပဲ့တင်ကျန်ရစ်တာပါပဲ။ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ဟာ ဘယ်လိုဆူညံမှုကိုပြုလုပ်ခဲ့ပါလိမ့်။ မန်ယူ၊ ချဲလ်ဆီး၊ လီဗာပူး၊ စပါး၊လက်စတာနဲ့ အဲဗာတန်တို့လို ပရိသတ်ချစ်ခဲ့သောအသင်းတွေအနိုင်ရခဲ့တယ်။

ပေါ့ဂ်ဘာနဲ့ ဘရူနိုတို့ရဲ့ အံ့ဖွယ်အရေအတွက်တွေထွက်လာတယ်။ ဆာလာ၊ ရစ်ချာလီဆန်၊ အန်တိုနီယို၊ ဆွန်ဟောင်မင်နဲ့ဂျေမီဗာဒီတို့ ဂိုးတွေရကြတယ်။ အဲ့ဒီလိုသဘင်ဆန်ပါတယ်။ အဲ့ဒါကများပါတယ်။ ချန်ပီယံမန်စီးတီးရှုံးနိမ့်သွားတာကတော့ အံ့အားသင့်စရာ အသံထွက်ဆိုးဖြစ်ပါတယ်။ အဲ့ဒီတစ်ခုပဲ ဝမ်းနည်းဖွယ်ရာဖြစ်ခဲ့တဲ့အတွက် ကောင်းသောဆူညံမှုတွေ ချိုမွှေးခဲ့တဲ့ရက်သတ္တပတ်လို့ဆိုရမှာပါပဲ။

မန်စီးတီး – နောဝစ်ချ် (မန်စီးတီး3+90)

🧶Nကြယ်မင်း

ဒီတစ်ပတ်ရဲ့ဖွင့်လှစ်မှုအကြမ်းတမ်းဆုံးပွဲစဉ်ဖြစ်ပါတယ်။ အဲ့ဒီခြားနားမှုအတိုင်း ရက်စက်သောအနိုင်ယူမှုကို မန်စီးတီးတွေပြုလုပ်နိုင်ပါ့မလားပဲ စဉ်းစားရပါမယ်။ မန်စီးတီးနိုင်မယ်ဆိုတာ ရာနှုန်းပြည့်ပြောဆိုနိုင်ပေမယ့် ၃ဂိုးပြတ်ပါ့မလားဆိုတာကသာဒီပွဲကြိုရဲ့ဝိဉာဉ်ဖြစ်ပါတယ်။ စပါးကို တစ်ဂိုးမှပြန်မသွင်းနိုင်ဘဲ ရှုံးနိမ့်ခဲ့ရခြင်းဆီက ဘာတွေကိုပြောင်းလဲနိုင်မှာတဲ့လဲ။ ဒီမှာ အဆိုးမြင်ရှုထောင့်ကအရင်သွားကြည့်ချင်ပါတယ်။

၁။ ဒီပွဲမှာဟာရီကိန်းကြွချီတော်မူလာစရာအကြောင်းမရှိပါဘူး။ သူ့ကိုရဖို့ ပိုဝေးလာသလိုရှိပြီးတကယ်လို့ရောက်ခဲ့ရင် တောင်ဒီပွဲမှာဝင်ပါလိမ့်မယ်မဟုတ်ပါဘူး။

၂။ ဖာရန်တောရက်စ်နဲ့သွားလာနေရခြင်းမှာဂွါဒီယိုလာပျော်ရွှင်နေပုံရပါတယ်။ အဲ့ဒါကိုဖြစ်အောင်ထမ်းတင်မယ်ဆိုပြီး အဓမ္မထုတ်သုံးနေရငိ စိတ်ပျက်စရာဖြစ်ရပါမယ်။

၃။ နောဝစ်ချ်ဟာမန်စီးတီးအဆင့်နဲ့မိုင်တွေဝေးဆိုပေမယ့်အဲ့ဒီကြားကဒီအသင်းကိုဂိုးတွေသွင်းယူနိုင်တဲ့အလေ့အထမကြာ ခဏရှိတာကိုသတိပြုရပါလိမ့်မယ်။ နသန်အကီကိုဆက်သုံးရင်အဲ့ဒီပူပန်မှု အသက်ဝင်လာပါလိမ့်မယ်။ဒါပေမဲ့ အခြားတစ်ဖက်မှာလည်း ယုံကြည်အပ်သောအကြောင်းရင်းတွေရှိနေပါတယ်။ အဲ့ဒါတွေချပြောကြည့်ကြရအောင်..

၁။ အသိသာဆုံး၊ အထင်ရှားဆုံးကတော့ ဂွါဒီယိုလာဟာ ဆိုးသောရလဒ်မျိုးမှာ နှစ်ပွဲဆက်မနေထိုင်ပါဘူး။

၂။ မနှစ်က ဒီကွင်းမှာ မန်စီးတီးက ၅ဂိုးပြတ်အနိုင်ယူထားပြီး အဲ့ဒီပွဲမှာဂိုးသွင်းခဲ့သူတွေအားလုံးဒီပွဲမှာပါဝင်နိုင်ဖို့ အသင့်ရှိနေတာပါပဲ။ ဂျီးဆပ်စ်၊စတာလင်နဲ့ မာရက်ဇ်တို့က တစ်ဂိုးစီသွင်းယူထားပြီးဒီဘရိုင်းက ၂ဂိုးရှာတွေ့ခဲ့တာပါ။

၃။ ပထမပွဲနဲ့ လုံးဝခြားနားသွားမှာကလည်းအဲ့ဒါပါပဲ။ဒီဘရိုင်းပွဲထွက်ကစားနိုင်မှုကသာမန်စီးတီးကိုဆုံးဖြတ်နိုင်တယ်ဆိုတာငြင်းလို့မရနိုင်ပါဘူး။မန်စီးတီးဟာမနှစ်ကအိမ်ကွင်းဂိုးသွင်းအားအကောင်းဆုံးအသင်းဖြစ်ခဲ့ပြီး ၄၃ဂိုးဆိုတာဘယ်ပြိုင်ဘက်မဆိုကြည့်မောနေရမယ့်စွမ်းဆောင်ရည်ဖြစ်ပါတယ်။ ဒီပွဲမှာနိုင်ရုံလေးပဲဆိုရင်စပါးကိုအရေးနိမ့်ခဲ့တာထက်ပိုပြီးအရှက်ကွဲရပါလိမ့်မယ်။ဒီပွဲရှုံးနိမ့်သွားရင်တောင်သရဖူကာကွယ်ပွဲကျဆုံးပြီမဆိုနိုင်ပေမယ့်ယုံကြည်မှုပိုင်းရွဲပြဲသွားမှာတော့အသေအချာပါပဲ။ နောဝစ်ချ်ကနောက်ဆုံးနှစ်ပွဲဆက် (၃-၀)တွေနဲ့ချည်းရှုံးနိမ့်ထားပြီးအဓိကတိုက်စစ်မှူးပွတ်ကီကလမ်းပျောက်နေပုံရပါတယ်။မန်စီးတီး(၃-၀)မရောက်သေးရင်ပွဲပြီးပြီမပြောပါနဲ့။

ဟန်စိုးသွေး

ရာသီကြိုကွန်မြူနတီဒိုင်းပွဲမှာ လက်စတာကိုအရေးနိမ့်ခဲ့တယ်။ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာစပါးကိုထပ်ရှုံးခဲ့တယ်။ အဲ့ဒီနှစ်ပွဲလုံးမှာတစ်ဂိုးမှာမသွင်းနိုင်ခဲ့ဘူး။ နော်ဝစ်ချ်နဲ့ပွဲကမန်စီးတီးရဲ့ဒေါသတွေပေါက်ကွဲဖို့ ပြန်လည်နိုးထဖို့အကောင်းဆုံးပွဲပါပဲ။ ချန်ပီယံလိဂ်ကရှုံးပွဲကိုပါထည့်တွက်ရင် သုံးပွဲဆက်တိုက်ရှုံးနိမ့်တာဟာ၂၀၁၈ ဧပြီနောက်ပိုင်းဂွာဒီယိုလာအတွက်ပထမဆုံးအကြိမ်ပါပဲ။

လက်ရှိချန်ပီယံမန်စီးတီးအနေနဲ့အဖွင့်ပွဲမှာခြေချော်ပြီးတဲ့နောက်ဒီပွဲမှာလုံးဝမှားလို့မရတော့ပါဘူး။ ရှေ့ကရှုံးခဲ့တဲ့ပွဲတွေမှာ လူမစုံခဲ့ပေမယ့် ဒီပွဲမှာတော့အင်ပြည့်အားပြည့်မန်စီးတီးကို မြင်တွေ့နိုင်မှာပါ။ မန်စီးတီးရဲ့ မျှော်လင့်ချက်ကစားသမားအသစ်ဂရီးလစ်ချ်အနေနဲ့လည်းဒီပွဲမှာတစ်ခုခုလုပ်ပြဖို့လိုအပ်နေပါပြီ။ တိုက်စစ်မှူးမရှိလို့ ဂိုးမသွင်းနိုင်တာအဂွေရိုထွက်သွားလို့ဂိုးသွင်းမယ့်သူမရှိတော့တာဆိုတာမျိုးကိုဂွာဒီယိုလာလုံးဝအဖြစ်ခံမယ်မထင်ပါဘူး။

ဒန်နီရယ်ဖာကီရဲ့နောဝစ်ချ်ဟာချန်ပီယံရှစ်မှာကျားတစ်ကောင်ဖြစ်ရင်ဖြစ်လိမ့်မယ်။ ပရီးမီးယားလိဂ်မှာတော့ရေမြွေတစ်ကောင်ထက်မပိုဘူးဆိုတာလီဗာပူးလ်ကို ဂိုးပြတ်ရှုံးပြီးသက်သေပြထားပါတယ်။ ဘူအန်ဒီယာကိုထုတ်ရောင်းပြီး ဝါဒါဘရီမင်ကဆာဂျန့်၊ရာချီကာတို့နဲ့အားဖြည့်ထားပါတယ်။ ပွတ်ကီရဲ့ဂိုးတွေကိုမျှော်လင့်လို့ရတာမှန်ပေမယ့်လီဗာပူးလ်နဲ့ပွဲကခြေစွမ်းနဲ့တော့မန်စီးတီးခံစစ်ကိုကျော်ဖြတ်ဖို့ခက်နေဦးမှာပါ။

မန်စီးတီးကနှစ်လုံးသွင်းရင်အပြည့်ရှုံးဦးမှာပါ။ဒါဟာအရင်နှစ်ကဖွင်လှစ်မှုတွေနဲ့ယှဉ်ရင်သက်သာတယ်လို့တောင်ဆိုနိုင်ပါတယ်။မန်စီးတီးနိုင်ပွဲပျောက်နေတာဂိုးတွေမသွင်းနိုင်တာတွေကြောင့် ဒီလောက်နဲ့ရတာပါ။ မန်စီးတီးက ဒီပွဲပြီးရင် အာဆင်နယ်၊လက်စတာ၊ဆောက်သမ်တန်၊ချဲလ်ဆီး၊လီဗာပူးလ်တို့နဲ့ဆက်တိုက်ကစားရမှာဖြစ်လို့ ဒီပွဲမှာအမှားလုပ်လို့မရတော့ပါဘူး။ တိုက်စစ်မှူးမရှိဘူးဆိုရင်တောင်ကျန်တဲ့မန်စီးတီးတိုက်စစ်ကစားသမားတွေအတွက်နော်ဝစ်ချ်ကလွယ်ကူပါတယ်။ မန်စီးတီးနဲ့သာရဲရဲကြီးနေထိုင်ဖို့တိုက်တွန်းလိုက်ပါရစေ။

မင်းနဒီ (Change)

မန်စီးတီးကို လှုပ်သောက်ရင် လန်းသွားမယ်လို့ ယုံကြည်တယ်

မန်စီးတီးကအဖွင့်ပွဲမှာ စပါးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တယ်။ အသင်းရဲ့ကစားပုံ၊ အနိုင်ရချင်တဲ့စိတ်ဓာတ်၊ နိုင်ပွဲ ဆာလောင်မှုနဲ့ ယုံကြည်ချက် ဆိုတာ ဘာမှမတွေ့ခဲ့ရဘူး။ ရှုံးသင့်ရှုံးထိုက်လို့ ရှုံးရတယ်ဆိုတာထက် ဘာမှမပိုခဲ့ဘူး။ စတာလင်နဲ့ မာရက်ဇ်တို့မှုာလုပ်နိုင်စွမ်းမရှိတော့သလို၊ လုပ်စရာ ကုန်ဆုံးသွားသလိုပုံစံမျိုးနဲ့ စိတ်ပျက်စရာကောင်းခဲ့တယ်။ ပေါင်သန်း ၁၀၀ တန် ဂရီလစ်ရှ်ကမန်စီးတီးရဲ့ချန်ပီယံကာကွယ်ပွဲအတွက်လုံလောက်တဲ့ ကစားပုံမျိုးမှာရှိမနေဘူး။ အသင်းနဲ့ တစ်သားထဲဖြစ်ဖို့ အချိန်နည်းနည်းလောက်ဖြစ်ဖြစ်လိုနေသေးတယ်။ တိုက်စစ်မှာ ဟယ်ရီကိန်းကို မဖြစ်မနေခေါ်မှ ဖြစ်မယ့်ပုံစံမျိုးနဲ့ မန်စီးတီးဟာ တာထွက်မကောင်းဖြစ်ခဲ့ရတယ်။

နောဝှစ်ချ်ကလည်း ၁ ရာသီအကြာမှာ ပြန်ပြီးတန်းတက်လာနိုင်ခဲ့တယ်ဆိုပေမယ့် သူတို့မှာ ပရီးမီးယားလိဂ်အတွက် ရင့်ကျက်တဲ့ ပြောင်းလဲမှုမျိုးမတွေ့ရဘူး။ လီဗာပူးကို အိမ်ကွင်းမှာ ၃-၀ နဲ့ အလွယ်တကူရှုံးပစ်ခဲ့ကြတယ်။ ဖာကီရဲ့ ကစားပုံနဲ့ အခင်းအကျင်းက မဆိုးလှဘူးဆိုပေမယ့် တိုက်စစ်က ပွတ်ကီနဲ့ ရုန်းကန်နေရတယ်။ ကွင်းလယ်က တိုက်စစ်ဆင်လာတယ် ပြီးရင် သူတို့တိုက်စစ်က ကျိုးလွယ်၊ ပျက်လွယ်ပုံစံမျိုးနဲ့ သိပ်ကိုနုနယ်လွန်းခဲ့တယ်။ ခံစစ်က အဆိုးဆုံးပဲ။ ဆာလက်၊ မာနေး၊ ဂျိုတာနဲ့ လူစားဝင်လာတဲ့ ဖေမီနိုတို့ တိုက်စစ်ဆင်လာရင် ဘာလုပ်ရမှန်းမသိဖြစ်နေတာတွေက ရာသီမစခင်မှာပဲ တန်းဆင်းဇုန်ထဲ ပစ်ထည့်ထားရမလိုဖြစ်စေခဲ့တယ်။

မန်စီးတီးက 3+90 ကနေ 2-90 ကို ဆင်းပေးထားရပေမယ့်တကယ်တမ်းလုပ်နိုင်စွမ်းကမန်စီးတီးအပေါ်မှာပဲ မူတည်နေတာပါ။ မန်စီးတီးဟာတာထွက်မလှခဲ့သလိုကစားပုံနဲ့ ကစားအားပိုင်းတွေမှာ အားရစရာတစ်ကွက်မှမရှိခဲ့ဘူး။ လိုအပ်ချက်တွေများနေသေးတယ်ဆိုပေမယ့်နောဝှစ်ချ်ကတော်တော်ကိုကျိုးလွယ်ပျက်လွယ်တဲ့အသင်းမျိုးဖြစ်နေတာကြောင့်မန်စီးတီးဟာရှုံးပွဲကနေပြန်လည်ရုန်းထွက်လာလိမ့်မယ်လို့ မျှော်လင့်မိတယ်။ မန်စီးတီးအနေနဲ့လည်းစပါးနဲ့ပွဲကထက်ပိုပြီးလူစုံလာလိမ့်မယ်ဖို့လည်း ရှိနေပါတယ်။ အထူးသဖြင့်တော့နောဝှစ်ချ်ရဲ့ခံစစ်ကစမ်းတဝါးဝါးဖြစ်နေမှာကို မြင်ယောင်နေမိတာကြောင့်မန်စီးတီးနဲ့သွားဖို့ဆုံးဖြတ်လိုက်ရပါတယ်။ မန်စီးတီးကိုလှုပ်သောက်ရဖို့ ရှိတယ်ဆိုပေမယ့်မန်စီးတီးကလွဲလို့ တခြားရွေးချယ်စရာမရှိတာလည်းသေချာပါတယ်။

🧶 ဒီတစ်ပတ် 3D

ဒီတစ်ပတ်မှာတော့ဆရာသမား ၃ဦးလုံးက ‘မန်စီးတီး’တွေချည်းဖြစ်ခဲ့ပါတယ်။ သူတို့ခြေစွမ်းနဲ့နောက်ဆုံးရလဒ်တွေအရ ၃ဂိုးပြတ်ပါ့မလားစိုးရိမ်ဖွယ်အနေအထားရှိနေတဲ့ကြားကပဲ စာဝါငှက်ချေမှုန်းရေးသမားတွေဖြစ်ခဲ့တာစိတ်ဝင်စားစရာပါပဲ။ ဒါဟာ Play Maker Special Choice စစ်စစ်ဖြစ်ပါတယ်။ ဒီတစ်ပတ် 3D ဟာမန်စီးတီးဖြစ်ပါတယ်။မန်စီးတီး(၃-၀)မရောက်သေးရင်ပွဲပြီးပြီမပြောပါနဲ့။