ပိုပြီးသေချာတာ အခြားဘာမှမရှိ

အင်္ဂါညချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်

မန်စီးတီး နှင့် ပီအက်စ်ဂျီ (ည ၁း၃၀)(စိုင်းကို-တောင်ကြီး)

ပြင်သစ်မြေမှာကစားတဲ့ပထမအကျော့တုန်းကဧည့်သည်မန်စီးတီး ၁-၂ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ပီအက်စ်ဂျီအနေနဲ့ နောက်တစ်ဆင့်တက်လှမ်းနိုင်ရေးအတွက်တိုက်စစ်ဖွင့်ပြီးဖောင်ဖျက်တိုက်ပွဲဝင်ရမှာပါ။

အမ်ဘက်ပီ၊ နေမာတို့ရဲ့ပီအက်စ်ဂျီတိုက်စစ်ကအိမ်ကွင်းအဝေးကွင်းမရွေးဂိုးသွင်းစွမ်းရည်ထက်မြက်တယ်။ဒါကြောင့်အဝေးကွင်းဆိုပေမယ့်လည်းပီအက်စ်ဂျီတိုက်စစ်ကဂိုးတွေရမှာပါ။အမှားများတဲ့ပီအက်စ်ဂျီခံစစ်ကြောင်းကလည်းမန်စီးတီးတိုက်စစ်ကိုထိန်းချုပ်ဖို့ ခက်ခဲလိမ့်မယ်။

သွင်းဂိုးတွေကိုမြင်ရဖို့ အလားအလာများတဲ့ဒီပွဲမှာဂိုးပေါင်းကြေးက၃ဂိုးသရေအထိပြင်းရှလွန်းနေတယ်။နှစ်သင်းလုံးရဲ့ တိုက်စစ်ထက်မြက်ကြလို့ ဂိုးတွေပြိုင်သွင်းကြမယ်လို့ ယုံကြည်မိတယ်။

အဓိကကပီအက်စ်ဂျီရဲ့တိုက်စစ်ပါ။ ပီအက်စ်ဂျီတိုက်စစ်ရဲ့ သေမထူးနေမထူးဖွင့်ကစားလာခြင်းကဂိုးမိုးရပ်ဝန်းဆီဦးတည်ခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်နေမှာပါ။ဂိုးပေါင်းအပေါ်ထက်ပိုပြီးသေချာတာအခြားဘာမှမရှိပါဘူး။

zawgyi




