အနိုင်ယူဖို့ဆိုတာ ထင်သလောက် မခက်ခဲ

အင်္ဂါည အင်္ဂလန်လိဂ်ဖလား တတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

မန်စီးတီး နှင့် ဝိုင်ကွမ်ဘီ (ည ၁း၁၅)(ဖိုးရာဇာ)

လိဂ်ဝမ်းကလပ်ဝိုင်ကွမ်ဘီရဲ့လက်ရှိကစားပုံကဖရိုဖရဲနိုင်လှပြီးဘယ်လိုပြိုင်ဘက်မျိုးကမဆိုဂိုးအလှူပေးနေရတယ်။မန်စီးတီးကတော့အားလုံးသိထားတဲ့အတိုင်းတိုက်စစ်ထက်မြက်လွန်းပြီး အရန်တွေထုတ်သုံးချိန်မှာတောင်ဂိုးသွင်းစွမ်းရည်ထက်မြက်လွန်းနေတဲ့အသင်းဖြစ်တယ်။

အခုပွဲမှာဘယ်လိုလူစာရင်းကိုပဲသုံးသုံးမန်စီးတီးတိုက်စစ်အစွမ်းပြနိုင်ဖို့ သေချာနေပါတယ်။ ခံစစ်ယိုယွင်းတဲ့ဝိုင်ကွမ်ဘီကိုမန်စီးတီးအနိမ့်ဆုံး ၃ဂိုးပြတ်အနိုင်ယူဖို့ဆိုတာထင်သလောက်မခက်ခဲနိုင်ပါဘူး။

zawgyi




