ငှက်ပျောသီးအခွံနွှာစားရတာလောက် ခက်ခဲမှာ မဟုတ်

ဗုဒ္ဓဟူးည ပြင်သစ်လီဂူး ပွဲစဉ်-၇ ပွဲကြိုသုံးသပ်ချက်

မတ်ဇ် နှင့် ပီအက်စ်ဂျီ (ည ၁း၃၀)(ဖိုးရာဇာ)

ဒူးဒဏ်ရာကြောင့်မက်ဆီပါဝင်နိုင်မှု မရှိခြင်းကပီအက်စ်ဂျီတိုက်စစ်ကိုသိသိသာသာကြီးအားပျော့တာမျိုးဖြစ်မသွားစေနိုင်ပါဘူး။ပီအက်စ်ဂျီတိုက်စစ်မှာ နေမာ၊ အမ်ဘက်ပီ၊ အီကာဒီတို့အပြင်အခြားထိပ်သီးတိုက်စစ်မှူးတွေရှိနေကြပြီးဂိုးရဖို့အချိန်မရွေး စွမ်းဆောင်နိုင်ကြတယ်။

မတ်ဇ်ဆိုတာကအမှတ်ပေးဇယားအောက်ဆုံးမှာရှိနေတဲ့အသင်းပီပီ ခံစစ်ကြောင်းယိုယွင်းလွန်းပြီး တိုက်စစ်ကလည်းအသက်မဲ့နေတဲ့အသင်းပါ။ပီအက်စ်ဂျီအတွက်အနိမ့်ဆုံး ၂ဂိုးပြတ်အနိုင်ရလဒ်ရှာဖွေဖို့ဆိုတာငှက်ပျောသီးအခွံနွှာစားရတာလောက် ခက်ခဲမှာ မဟုတ်ပါဘူး။

zawgyi

ငွက္ေပ်ာသီးအခြံႏႊာစားရတာေလာက္ ခက္ခဲမွာ မဟုတ္

ဗုဒၶဟူးည ျပင္သစ္လီဂူး ပြဲစဥ္-၇ ပြဲႀကိဳသုံးသပ္ခ်က္

မတ္ဇ္ ႏွင့္ ပီအက္စ္ဂ်ီ (ည ၁း၃၀)(ဖိုးရာဇာ)

ဒူးဒဏ္ရာေၾကာင့္ မက္ဆီပါဝင္ႏိုင္မႈ မရွိျခင္းက ပီအက္စ္ဂ်ီတိုက္စစ္ကို သိသိသာသာႀကီး အားေပ်ာ့တာမ်ိဳး ျဖစ္မသြားေစႏိုင္ပါဘူး။ပီအက္စ္ဂ်ီတိုက္စစ္မွာ ေနမာ၊ အမ္ဘက္ပီ၊ အီကာဒီတို႔အျပင္ အျခားထိပ္သီးတိုက္စစ္မႉးေတြရွိေနၾကၿပီး ဂိုးရဖို႔အခ်ိန္မေ႐ြး စြမ္းေဆာင္ႏိုင္ၾကတယ္။

မတ္ဇ္ဆိုတာက အမွတ္ေပးဇယားေအာက္ဆုံးမွာရွိေနတဲ့အသင္းပီပီ ခံစစ္ေၾကာင္း ယိုယြင္းလြန္းၿပီး တိုက္စစ္ကလည္း အသက္မဲ့ေနတဲ့အသင္းပါ။ပီအက္စ္ဂ်ီအတြက္ အနိမ့္ဆုံး ၂ဂိုးျပတ္အႏိုင္ရလဒ္ရွာေဖြဖို႔ဆိုတာ ငွက္ေပ်ာသီးအခြံႏႊာစားရတာေလာက္ ခက္ခဲမွာ မဟုတ္ပါဘူး။