၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မက်ဆီ ပါဝင်လာမလားဆိုတာ ဆုံးဖြတ်လာမဲ့ အချက်တစ်ခုကို အာဂျင်တီးနားနည်းပြဖွင့်ဟလာ

အာဂျင်တီးနားနည်းပြလီယွန်နယ်စကာလိုနီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လီယွန်နယ်မက်ဆီပါဝင်ရေးအတွက်အဓိကဆုံးဖြတ်လာမဲ့အချက်ကိုဖွင့်ဟပြောကြားလာပါတယ်။

၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်စိတ်ပျက်စရာကြုံရပြီးနောက်ဂျော့ဆမ်ပါအိုလီရဲ့နေရာတွင်အစားထိုးခန့်အပ်ခြင်းခံခဲ့ရတဲ့စကာလိုနီဟာအာဂျင်တီးနားအ သင်းကို၂၀၂၁ခုနှစ်ကိုပါအမေရိကနှင့်၂၀၂၂ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်ဦးဆောင်ထားနိုင်ပါတယ်။

မက်ဆီဟာအာဂျင်တီးနားရဲ့ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွင်အဓိကနေရာမှပါဝင်ခဲ့သူဖြစ်ပြီး Golden Ball ဆုကိုပါရယူနိုင်ခဲ့ပါတယ်။

Ballon d’Or ခုနှစ်ကြိမ်ရမက်ဆီဟာအာဂျင်တီးနားနှင့်အတူ သူလိုအပ်နေတဲ့ဆုဖလားများရယူထားနိုင်ပြီဖြစ်ပေမဲ့လည်းလက်ရွေးစင်အသင်းမှအနား ယူခြင်းမရှိသေးပါဘူး။

ယခုအခါစကာလိုနီကလီယွန်နယ်မက်ဆီမှာလာမယ့်၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်းအာဂျင်တီးနားအသင်းကိုဦးဆောင်လာနိုင်သေးကြောင်းပြောကြားလာပါတယ်။

စကာလိုနီက “လာမယ်ကမ္ဘာ့ဖလားမှာကစားမလားဆိုတာလီယိုကိုယ်တိုင်ပဲဆုံးဖြတ်လာပါမယ်။သူ့ခန္ဓာကိုယ်ကကစားနိုင်တယ်ဆိုရင်ကျွန်တော့်ဘက်ကသူ့ကိုရွေးလာပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi






