မက်ဆီတို့အသင်းရဲ့သွင်းဂိုးတွေကို ရေတွက်ရမယ့်ပွဲ

စနေည ၂၀၂၂ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲကြိုသုံးသပ်ချက်

အာဂျင်တီးနား နှင့် သြစတြေးလျ(ည ၁း၃၀)(မော်ကွန်း)

နှစ်သင်းစလုံးဟာအဖွင့်ပွဲအရှုံးတွေကနေအကောင်းဆုံးပြန်လည်ရုန်းထနိုင်ခဲ့ပြီးအာဂျင်တီးနားကအုပ်စုဗိုလ်၊ သြစတြေးလျကအုပ်စုဒုတိယရခဲ့တာပါ။အာဂျင်တီးနားဟာမက်ဆီအပေါ် မှီခိုနေရဆဲဆိုပေမယ့်သူတို့မှာအရည်အသွေးမြင့်လူငယ်တွေရှိတယ်ဆိုတာနောက်ဆုံးပွဲမှာပြနိုင်ခဲ့ပါတယ်။မန်စီးတီးက အယ်ဗာရက်ဇ်၊ ဘရိုက်တန်ကမက်အယ်လစ်စတာနဲ့ ဘင်ဖီကာကာအန်ဇိုဖာနန်ဒက်ဇ်တို့ဟာမက်ဆီရဲ့၀န်ထုတ်၀န်ပိုးကိုလျှော့ချပေးနိုင်သူတွေပါ။

သြစတြေးလျကတော့အသင်းလိုက်စုစည်းမှုအားကောင်းပေမယ့်အရည်အသွေးပိုင်းမှာအာဂျင်တီးနားနဲ့အများကြီးကွာပါတယ်။ဒါ့အပြင်သြတြေးလျဟာကမ္ဘာ့ဖလားမှာ ၁၆ သင်းအဆင့်ပွဲကစားဖူးတာဒါနဲ့မှ ဒုတိယအကြိမ်မြောက်ဖြစ်ပြီးဘယ်တော့မှလည်းကွာတားမရောက်ဖူးပါဘူး။မက်ဆီတို့အသင်းရဲ့သွင်းဂိုးတွေကိုရေတွက်ရမယ့်ပွဲပါ။

zawgyi




