ပါတီပွဲသို့ တက်ရောက်ခဲ့တဲ့ ဘာစီလိုနာတစ်သင်းလုံး ကိုဗစ်စစ်ဆေးမှုခံယူခဲ့ရ

ဘာစီလိုနာကစားသမားများဟာဗုဒ္ဓဟူးနေ့တုန်းကလေ့ကျင့်ခန်းဆင်းမှုမပြုလုပ်မီကိုဗစ်စစ်ဆေးမှုခံယူခဲ့ရကြောင်းသိရပါတယ်။ဘာစီလိုနာတစ်သင်းလုံးဟာတနင်္လာနေ့တုန်းကလီယွန်နယ်မက်ဆီရဲ့နေအိမ်တွင်ကျင်းပတဲ့ပါတီပွဲသို့တက်ရောက်ခဲ့မှုကြောင့်လေ့ကျင့်ခန်းဆင်းမှုမပြုလုပ်မီကိုဗစ်စစ်ဆေးမှုခံယူခဲ့ရတာလည်းဖြစ်ပါတယ်။

မက်ဆီဟာကိုပါဒယ်ရေးဖလားဆွတ်ခူးနိုင်တဲ့အထိမ်းအမှတ်အဖြစ်နေအိမ်တွင် Barbecue စားသောက်ပွဲပြုလုပ်ခဲ့ပါတယ်။မက်ဆီဟာဧပြီလ၁၈ရက်နေ့တုန်းကကိုပါဒယ်ရေးဗိုလ်လုပွဲတွင်ဘီလ်ဘာအိုကို၄-၀ဂိုးဖြင့်အနိုင်ရရှိကာချန်ပီယံဖြစ်ခဲ့ပါတယ်။

ယင်းပွဲမှာအနိုင်ဂိုး၂ဂိုးသွင်းယူနိုင်ခဲ့တဲ့ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီဟာကိုပါဒယ်ရေးဆွတ်ခူးနိုင်တဲ့အထိမ်းအမှတ်အဖြစ်ဘာစီလိုနာတစ်သင်းလုံးကိုဖိတ်ကြားကာအကင်စားပွဲပြုလုပ်ခဲ့ပါတယ်။

ဒါကွောငျ့လညျးဘာစီလိုနာဟာဗုဒ်ဓဟူးနေ့ကလေ့ကျင့်ခန်းဆင်းမှုမပြုလုပ်မီပုံမှန်မဟုတ်တဲ့ကိုဗစ်စစ်ဆေးမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ကိုဗစ်စစ်ဆေးရာတွင်ဘာစီလိုနာတစ်သင်းလုံးဟာနက်ဂတစ်ဖြစ်ကြောင်းသိရပါတယ်။

ဒါပေမယ့်လည်းလာလီဂါဟာကိုဗစ်စည်းမျဉ်းကိုချိုးဖောက်ကာလူစုလူဝေးဖြင့်ပါတီပွဲပြုလုပ်ခဲ့တဲ့အထက်ပါအဖြစ်အပျက်အပေါ်စုံစမ်းစစ်ဆေးမှုပြုလုပ်နေပါတယ်။

zawgyi

မက္ဆီအိမ္တြင္က်င္းပတဲ့ ပါတီပြဲသို႔ တက္ေရာက္ခဲ့တဲ့ ဘာစီလိုနာတစ္သင္းလုံး ကိုဗစ္စစ္ေဆးမႈခံယူခဲ့ရ

ဘာစီလိုနာကစားသမားမ်ားဟာဗုဒၶဟူးေန႔တုန္းကေလ့က်င့္ခန္းဆင္းမႈမျပဳလုပ္မီကိုဗစ္စစ္ေဆးမႈခံယူခဲ့ရေၾကာင္းသိရပါတယ္။ဘာစီလိုနာတစ္သင္းလုံးဟာတနလၤာေန႔တုန္းကလီယြန္နယ္မက္ဆီရဲ႕ေနအိမ္တြင္က်င္းပတဲ့ပါတီပြဲသို႔တက္ေရာက္ခဲ့မႈေၾကာင့္ေလ့က်င့္ခန္းဆင္းမႈမျပဳလုပ္မီကိုဗစ္စစ္ေဆးမႈခံယူခဲ့ရတာလည္းျဖစ္ပါတယ္။

မက္ဆီဟာကိုပါဒယ္ေရးဖလားဆြတ္ခူးႏိုင္တဲ့အထိမ္းအမွတ္အျဖစ္ေနအိမ္တြင္ Barbecue စားေသာက္ပြဲျပဳလုပ္ခဲ့ပါတယ္။မက္ဆီဟာဧၿပီလ၁၈ရက္ေန႔တုန္းကကိုပါဒယ္ေရးဗိုလ္လုပြဲတြင္ဘီလ္ဘာအိုကို၄-၀ဂိုးျဖင့္အႏိုင္ရရွိကာခ်န္ပီယံျဖစ္ခဲ့ပါတယ္။

ယင္းပြဲမွာအႏိုင္ဂိုး၂ဂိုးသြင္းယူႏိုင္ခဲ့တဲ့ဘာစီလိုနာအသင္းေခါင္းေဆာင္မက္ဆီဟာကိုပါဒယ္ေရးဆြတ္ခူးႏိုင္တဲ့အထိမ္းအမွတ္အျဖစ္ဘာစီလိုနာတစ္သင္းလုံးကိုဖိတ္ၾကားကာအကင္စားပြဲျပဳလုပ္ခဲ့ပါတယ္။

ဒါေကြာင်႕လည်းဘာစီလိုနာဟာဗုဒ္ဓဟူးေန႔ကေလ့က်င့္ခန္းဆင္းမႈမျပဳလုပ္မီပုံမွန္မဟုတ္တဲ့ကိုဗစ္စစ္ေဆးမႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။ကိုဗစ္စစ္ေဆးရာတြင္ဘာစီလိုနာတစ္သင္းလုံးဟာနက္ဂတစ္ျဖစ္ေၾကာင္းသိရပါတယ္။

ဒါေပမယ့္လည္းလာလီဂါဟာကိုဗစ္စည္းမ်ဥ္းကိုခ်ိဳးေဖာက္ကာလူစုလူေဝးျဖင့္ပါတီပြဲျပဳလုပ္ခဲ့တဲ့အထက္ပါအျဖစ္အပ်က္အေပၚစုံစမ္းစစ္ေဆးမႈျပဳလုပ္ေနပါတယ္။