အခွန်ဆောင်ပြီး တစ်ပတ်ပေါင် ၅ သိန်းရလျှင် မန်စီးတီးသို့ ပြောင်းမယ့် မက်ဆီ

လီယွန်နယ်မက်ဆီဟာအခွန်ဆောင်ပြီးတစ်ပတ်လုပ်ခပေါင်၅သိန်းရရှိလျှင်မန်စီးတီးသို့ပြောင်းရွှေ့ရန်အသင့်ရှိနေပါတယ်။

စူပါစတားကစားသမားရဲ့လက်ရှိစာချုပ်ကရာသီအကုန်တွင်ကုန်ဆုံးမှာဖြစ်ပြီးဖခင်ဖြစ်သူဟာအာဂျင်တီးနားနှင့်ဘာစီလိုနာအသင်းခေါင်းဆောင်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးစတင်လှုပ်ရှားနေပြီလည်းဖြစ်ပါတယ်။

အသက်၃၃နှစ်ရှိမက်ဆီဟာတစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ပါ၁၂လစာချုပ်အားမန်စီးတီးနှင့်ချုပ်ဆိုလိုနေပြီးစာချုပ်အတွက်တစ်နှစ်လျှင်ပေါင်၂၅သန်းရရှိနေပါတယ်။

အကယ်၍ယင်းပမာဏဖြင့်အပြောင်းအရွှေ့ဖြစ်မြောက်လာပါကမက်ဆီမှာပရီးမီးယားလိဂ်သမိုင်းတွင်လုပ်ခအမြင့်မားဆုံးကစားသမားဖြစ်လာပါမယ်။

မန်စီးတီးအနေဖြင့်မက်ဆီအတွက်လုပ်ခမြင့်မားစွာပေးရမှာဖြစ်သော်လည်းပြောင်းရွှေ့ကြေးမပေးရမှုအပြင်မက်ဆီကြောင့်စပွန်ဆာများစွာတို့ကိုဆွဲဆောင်လာနိုင်ပါမယ်။

မက်ဆီဟာဘာစီလိုနာမှာတစ်ပတ်လုပ်ခပေါင်၁သန်းရရှိနေသော်လည်းကလပ်ဘက်ကစာချုပ်သစ်တွင်လုပ်ခသုံးပုံနှစ်ပုံအထိလျှော့ယူရန်ပြောဆိုခြင်းခံထားရပါတယ်။

ယင်းသို့အခြေအနေကြောင့်မက်ဆီဟာသူ့အတွက်ပိုမိုကောင်းမွန်တဲ့ကမ်းလှမ်းမှုရရှိလာမည့်အခြေအနေကိုစောင့်ဆိုင်းနေပါတယ်။

ကိုဗစ်ကြောင့်ကလပ်များဘဏ္ဍာရေးပြဿနာများရှိနေမှုနဲ့အတူလက်ရှိအချိန်တွင်မက်ဆီကိုခေါ်ယူနိုင်တဲ့ကလပ်များအဖြစ်မန်စီးတီးနှင့်ပီအက်စ်ဂျီတို့သာရှိနေပါတယ်။

အခြားတစ်ဖက်မှာမက်ဆီဟာဘာစီလိုနာတွင်ဆက်ကစားနိုင်တဲ့အနေအထားမှာလည်းရှိပါသေးတယ်။ဒါပေမယ့်ဘာစီလိုနာဥက္ကဌလာပေါ်တာကအသက်၂၀နှစ်ရှိအာလင်းဟာလန်းကိုခေါ်ယူရေးအဓိကပစ်မှတ်ထားနေရာမက်ဆီကိုလက်လွှတ်လာဖို့ရှိပါတယ်။

ယင်းသို့အခြေအနေများကြောင့်လက်ရှိအချိန်တွင်မက်ဆီကိုခေါ်ယူရေးအတွက်အခြေအနေအကောင်းဆုံးမှာမန်စီးတီးဖြစ်ပါတယ်။

မန်စီးတီးအတွက်နောက်ထပ်အားသာစေတဲ့အချက်ကတော့မက်ဆီဟာနောက်၂နှစ်မှာအမေရိကန်မေဂျာလိဂ်သို့သွားကစားလိုနေတာလည်းဖြစ်ပါတယ်။မန်စီးတီးဟာနယူးယောက်စီးတီးကိုလည်းပိုင်ဆိုင်ရာမက်ဆီကိုယင်းကလပ်အတွက်ပါစာချုပ်ချုပ်ဆိုလာနိုင်ပါတယ်။

zawgyi

အခြန္ေဆာင္ၿပီး တစ္ပတ္ေပါင္ ၅ သိန္းရလွ်င္ မန္စီးတီးသို႔ ေျပာင္းမယ့္ မက္ဆီ

လီယြန္နယ္မက္ဆီဟာအခြန္ေဆာင္ၿပီးတစ္ပတ္လုပ္ခေပါင္၅သိန္းရရွိလွ်င္မန္စီးတီးသို႔ေျပာင္းေ႐ႊ႕ရန္အသင့္ရွိေနပါတယ္။

စူပါစတားကစားသမားရဲ႕လက္ရွိစာခ်ဳပ္ကရာသီအကုန္တြင္ကုန္ဆုံးမွာျဖစ္ၿပီးဖခင္ျဖစ္သူဟာအာဂ်င္တီးနားႏွင့္ဘာစီလိုနာအသင္းေခါင္းေဆာင္ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီးစတင္လႈပ္ရွားေနၿပီလည္းျဖစ္ပါတယ္။

အသက္၃၃ႏွစ္ရွိမက္ဆီဟာတစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ပါ၁၂လစာခ်ဳပ္အားမန္စီးတီးႏွင့္ခ်ဳပ္ဆိုလိုေနၿပီးစာခ်ဳပ္အတြက္တစ္ႏွစ္လွ်င္ေပါင္၂၅သန္းရရွိေနပါတယ္။

အကယ္၍ယင္းပမာဏျဖင့္အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္လာပါကမက္ဆီမွာပရီးမီးယားလိဂ္သမိုင္းတြင္လုပ္ခအျမင့္မားဆုံးကစားသမားျဖစ္လာပါမယ္။

မန္စီးတီးအေနျဖင့္မက္ဆီအတြက္လုပ္ချမင့္မားစြာေပးရမွာျဖစ္ေသာ္လည္းေျပာင္းေ႐ႊ႕ေၾကးမေပးရမႈအျပင္မက္ဆီေၾကာင့္စပြန္ဆာမ်ားစြာတို႔ကိုဆြဲေဆာင္လာႏိုင္ပါမယ္။

မက္ဆီဟာဘာစီလိုနာမွာတစ္ပတ္လုပ္ခေပါင္၁သန္းရရွိေနေသာ္လည္းကလပ္ဘက္ကစာခ်ဳပ္သစ္တြင္လုပ္ခသုံးပုံႏွစ္ပုံအထိေလွ်ာ့ယူရန္ေျပာဆိုျခင္းခံထားရပါတယ္။

ယင္းသို႔အေျခအေနေၾကာင့္မက္ဆီဟာသူ႔အတြက္ပိုမိုေကာင္းမြန္တဲ့ကမ္းလွမ္းမႈရရွိလာမည့္အေျခအေနကိုေစာင့္ဆိုင္းေနပါတယ္။

ကိုဗစ္ေၾကာင့္ကလပ္မ်ားဘ႑ာေရးျပႆနာမ်ားရွိေနမႈနဲ႔အတူလက္ရွိအခ်ိန္တြင္မက္ဆီကိုေခၚယူႏိုင္တဲ့ကလပ္မ်ားအျဖစ္မန္စီးတီးႏွင့္ပီအက္စ္ဂ်ီတို႔သာရွိေနပါတယ္။

အျခားတစ္ဖက္မွာမက္ဆီဟာဘာစီလိုနာတြင္ဆက္ကစားႏိုင္တဲ့အေနအထားမွာလည္းရွိပါေသးတယ္။ဒါေပမယ့္ဘာစီလိုနာဥကၠဌလာေပၚတာကအသက္၂၀ႏွစ္ရွိအာလင္းဟာလန္းကိုေခၚယူေရးအဓိကပစ္မွတ္ထားေနရာမက္ဆီကိုလက္လႊတ္လာဖို႔ရွိပါတယ္။

ယင္းသို႔အေျခအေနမ်ားေၾကာင့္လက္ရွိအခ်ိန္တြင္မက္ဆီကိုေခၚယူေရးအတြက္အေျခအေနအေကာင္းဆုံးမွာမန္စီးတီးျဖစ္ပါတယ္။

မန္စီးတီးအတြက္ေနာက္ထပ္အားသာေစတဲ့အခ်က္ကေတာ့မက္ဆီဟာေနာက္၂ႏွစ္မွာအေမရိကန္ေမဂ်ာလိဂ္သို႔သြားကစားလိုေနတာလည္းျဖစ္ပါတယ္။မန္စီးတီးဟာနယူးေယာက္စီးတီးကိုလည္းပိုင္ဆိုင္ရာမက္ဆီကိုယင္းကလပ္အတြက္ပါစာခ်ဳပ္ခ်ဳပ္ဆိုလာႏိုင္ပါတယ္။