ဆူညံလွန်းမှုကြောင့် အိမ်နီးချင်းအိမ်ကို ဝယ်ယူလိုက်တဲ့ လီယွန်နယ်မက်ဆီ

လီယွန်နယ်မက်ဆီဟာဆူညံလွန်းမှုကြောင့်အေးချမ်းစွာနေထိုင်နိုင်ခြင်းမရှိမှုနှင့်အတူအိမ်နီးချင်းအိမ်ကိုဝယ်ယူပြီးအေးချမ်းစွာနေထိုင်နိုင်အောင်လုပ် ဆောင်ခဲ့ဖူးပါတယ်။

မက်ဆီဟာပြီးခဲ့တဲ့တနင်္လာနေ့ညတုန်းက ဒုတိယအကြိမ်မြောက် FIFA The Best ဆုကိုဒုတိယအကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာ၂၀၂၂ခုနှစ်နှောင်းပိုင်းတုန်းကအာဂျင်တီးနားကိုကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့မှုနှင့်အတူယခုနှစ်နှောင်းပိုင်းတွင်လည်း၈ကြိမ်မြောက် Ballon d’Or ကိုဆွတ်ခူးလာနိုင်ဖို့ ရှိပါသေးတယ်။

မက်ဆီဟာကမ္ဘာ့ထိပ်တန်းအဆင့်မှာကာလရှည်ကြာကစားနိုင်အောင်ကိုယ့်ကိုယ်ကိုယ်အထူးဂရုစိုက်နေထိုင်လာသူလည်းဖြစ်ပါတယ်။

ဘာစီလိုနာကစားဖော်ဟောင်းအိုင်ဗန်ရာကီတစ်ရဲ့ပြောကြားမှုအရအသက်၃၅နှစ်ရှိမက်ဆီဟာဘာစီလိုနာမှာကစားစဉ်တုန်းကဆူညံလွန်းမှုကြောင့်အိမ် နီးချင်းအိမ်ကိုဝယ်ယူကာစိတ်အနှောင့်အယှက်ကင်းကင်းဖြင့်နေထိုင်နိုင်အောင်လုပ်ဆောင်ခဲ့ဖူးကြောင်းသိရပါတယ်။

ရာကီတစ်က “Castelldefels ကသူ့နေအိမ်ကိုဝယ်တုန်းကပေါ့။သူ့အိမ်နီးချင်းအိမ်ကအနည်းငယ်ဆူညံတယ်။ဒီတော့လီယိုဟာအဲဒီအိမ်ကိုလည်းဝယ်ယူလိုက်တယ်။ဒါမှလည်းသူ့သီးသန့်(သူ့မိသားစုနဲ့အတူ)နေထိုင်နိုင်မယ်လေ။ကံကောင်းတာကတော့ကျွန်တော့်မှာဒီလိုပြဿနာမျိုးမကြုံခဲ့ဘူး”လို့ပြောကြားသွားပါတယ်။

မက်ဆီဟာအစောပိုင်းတုန်းကဆူညံလွန်းတဲ့အိမ်နီးချင်းအိမ်ကြောင့်နံရံအမြင့်ကာကာပြဿနာရှောင်လွဲနိုင်ရေးကြိုးပမ်းခဲ့ပါသေးတယ်။ဒါပေမဲ့စည်ပင်ဥပဒေအရလုပ်ဆောင်နိုင်ခြင်းမရှိတာကြောင့်နောက်ဆုံးမှာမက်ဆီဟာယင်းအိမ်နီးချင်းအိမ်ကိုပါဝယ်ယူခဲ့ရတာဖြစ်ပါတယ်။

ZawGyi

ဆူညံလြန္းမႈေၾကာင့္ အိမ္နီးခ်င္းအိမ္ကို ဝယ္ယူလိုက္တဲ့ လီယြန္နယ္မက္ဆီ

လီယြန္နယ္မက္ဆီဟာဆူညံလြန္းမႈေၾကာင့္ေအးခ်မ္းစြာေနထိုင္ႏိုင္ျခင္းမရွိမႈႏွင့္အတူအိမ္နီးခ်င္းအိမ္ကိုဝယ္ယူၿပီးေအးခ်မ္းစြာေနထိုင္ႏိုင္ေအာင္လုပ္ေဆာင္ခဲ့ဖူးပါတယ္။

မက္ဆီဟာၿပီးခဲ့တဲ့တနလၤာေန႔ညတုန္းက ဒုတိယအႀကိမ္ေျမာက္ FIFA The Best ဆုကိုဒုတိယအႀကိမ္ေျမာက္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာ၂၀၂၂ခုႏွစ္ေႏွာင္းပိုင္းတုန္းကအာဂ်င္တီးနားကိုကမာၻ႔ဖလားခ်န္ပီယံျဖစ္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့မႈႏွင့္အတူယခုႏွစ္ေႏွာင္းပိုင္းတြင္လည္း၈ႀကိမ္ေျမာက္ Ballon d’Or ကိုဆြတ္ခူးလာႏိုင္ဖို႔ ရွိပါေသးတယ္။

မက္ဆီဟာကမာၻ႔ထိပ္တန္းအဆင့္မွာကာလရွည္ၾကာကစားႏိုင္ေအာင္ကိုယ့္ကိုယ္ကိုယ္အထူးဂ႐ုစိုက္ေနထိုင္လာသူလည္းျဖစ္ပါတယ္။

ဘာစီလိုနာကစားေဖာ္ေဟာင္းအိုင္ဗန္ရာကီတစ္ရဲ႕ေျပာၾကားမႈအရအသက္၃၅ႏွစ္ရွိမက္ဆီဟာဘာစီလိုနာမွာကစားစဥ္တုန္းကဆူညံလြန္းမႈေၾကာင့္အိမ္နီးခ်င္းအိမ္ကိုဝယ္ယူကာစိတ္အေႏွာင့္အယွက္ကင္းကင္းျဖင့္ေနထိုင္ႏိုင္ေအာင္လုပ္ေဆာင္ခဲ့ဖူးေၾကာင္းသိရပါတယ္။

ရာကီတစ္က “Castelldefels ကသူ႔ေနအိမ္ကိုဝယ္တုန္းကေပါ့။သူ႔အိမ္နီးခ်င္းအိမ္ကအနည္းငယ္ဆူညံတယ္။ဒီေတာ့လီယိုဟာအဲဒီအိမ္ကိုလည္းဝယ္ယူလိုက္တယ္။ဒါမွလည္းသူ႔သီးသန႔္(သူ႔မိသားစုနဲ႔အတူ)ေနထိုင္ႏိုင္မယ္ေလ။ကံေကာင္းတာကေတာ့ကြၽန္ေတာ့္မွာဒီလိုျပႆနာမ်ိဳးမႀကဳံခဲ့ဘူး”လို႔ေျပာၾကားသြားပါတယ္။

မက္ဆီဟာအေစာပိုင္းတုန္းကဆူညံလြန္းတဲ့အိမ္နီးခ်င္းအိမ္ေၾကာင့္နံရံအျမင့္ကာကာျပႆနာေရွာင္လြဲႏိုင္ေရးႀကိဳးပမ္းခဲ့ပါေသးတယ္။ဒါေပမဲ့စည္ပင္ဥပေဒအရလုပ္ေဆာင္ႏိုင္ျခင္းမရွိတာေၾကာင့္ေနာက္ဆုံးမွာမက္ဆီဟာယင္းအိမ္နီးခ်င္းအိမ္ကိုပါဝယ္ယူခဲ့ရတာျဖစ္ပါတယ္။