
လီယွန်နယ်မက်ဆီရဲ့၂၀၂၂ကမ္ဘာ့ဖလားစတစ်ကာကိုပေါင်၁၁၅၀၀၀ဖြင့်လေလံတင်ရောင်းချခဲ့ရကြောင်းသိရပါတယ်။
ဟင်နရီဘာရီယို့စ်ဟာ 300 Panini အထုတ်ကိုစက်တင်ဘာလတုန်းကဝယ်ယူခဲ့တာဖြစ်ပြီးယင်းအထဲတွင်လီယွန်နယ်မက်ဆီရဲ့၂၀၂၂ကမ္ဘာ့ဖလားစတစ်ကာပါဝင်နေတာလည်းဖြစ်ပါတယ်။
သူဟာအာဂျင်တီးနားအသင်းကိုမက်ဆီကကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်စွမ်းဆောင်လိုက်ပြီးနောက်အထူးဖန်တီးထားတဲ့မက်ဆီရဲ့ကမ္ဘာ့ဖလားစတစ်ကာကိုရောင်းချခဲ့ရပါတယ်။
မက်ဆီရဲ့စတစ်ကာတွင်အပြာရောင်၊အနီရောင်၊ခရမ်းရောင်နှင့်အစိမ်းရောင်တို့ပါဝင်ပါတယ်။ကျန်ကစားသမားများတွင်အနက်ရောင်ဘောင်သာအသုံး ပြုထားတာဖြစ်ပါတယ်။
Panini ဟာ၂၀၂၂ကမ္ဘာ့ဖလားအတွက်ကစားသမား၆၀၀ဦးတို့အတွက်အထူးထုတ်စတစ်ကာ ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပါတယ်။
ဘိုရီယို့စ်ဟာမက်ဆီရဲ့အထူးစတစ်ကာကိုနယူးဂျာစီရှိ Goldin Auctionsတွင်လေလံတင်ရောင်းချခဲ့တာဖြစ်ပြီးပေါင်၁၁၅၀၀၀အထိကံကောင်းထောက် မစွာရရှိသွားခဲ့ပါတယ်။
၂၀၂၁ခုနှစ်တုန်းကလည်း ၁၉၈၀ ပါနီနီ မာရာဒိုနာစတစ်ကာကိုလေလံတင်ရောင်းချရပေါင်၄၇၀၀၀၀ဖြင့်ရောင်းချခဲ့ရပါတယ်။