”ဘိုရိုပန်းခင်းကြီးထဲက နှင်းဆီတွေ ရဲရဲကိုနီလို့”

တနင်္ဂနွေည အင်္ဂလန်ချန်ပီယံရှစ် ပွဲစဉ်-၂၆ ပွဲကြိုသုံးသပ်ချက်

မစ်ဒယ်ဘရော့ နှင့် ဘလက်ဘန်း (ည ၉:၃၀)(ဇေကြီး)

ဒီဇင်ဘာပွဲကျပ်ကာလနောက်ပိုင်းမစ်ဒယ်ဘရော့ရဲ့ခြေစွမ်းသိသိသာသာယိမ်းယိုင်လာပြီးခံစစ်ယိုယွင်းမှုကသူတို့ရဲ့အဓိကပြဿနာဖြစ်လာတယ်။အခုဆိုရင် မစ်ဒယ်ဘရော့ခံစစ်ကနောက်ဆုံး ၆ပွဲဆက်တိုက်ဂိုးပေးထားရပြီးမာကျောလှပါတယ်ဆိုတဲ့အိမ်ကွင်းမာဂုဏ်တောင်မှမရှိတော့တာဘာမင်ဂမ်ရှုံးပွဲက သက်သေခံလို့နေပါတယ်။

ဘလက်ဘန်းကတော့ဒီဇင်ဘာလအတွင်းရလဒ်တွေဆိုးရွားလို့ခြေကျသလိုထင်ရပေမယ့်ချန်ပီယံရှစ်နောက်ဆုံး၄ပွဲမှာတစ်ပွဲသာရှုံးပြီးပြန်လည်မာကျောမှုဆိုတာကိုပြသနိုင်ခဲ့တယ်။လက်ရှိမာကျောပုံအရဆိုရင်ဘလက်ဘန်းအနေနဲ့ မစ်ဒယ်ဘရော့ကွင်းမှာအနိမ့်ဆုံးသရေတစ်မှတ်ရအောင်ကြိုးစားစွမ်းဆောင် နိုင်ပါလိမ့်မယ်။ဘလက်ဘန်းကိုအပိုင်ရွေးပါ။ ဘိုရိုပန်းခင်းကြီးထဲကနှင်းဆီတွေရဲရဲကိုနီလို့ပေါ့။

zawgyi

”ဘို႐ိုပန္းခင္းႀကီးထဲက ႏွင္းဆီေတြ ရဲရဲကိုနီလို႔”

တနဂၤေႏြည အဂၤလန္ခ်န္ပီယံရွစ္ ပြဲစဥ္-၂၆ ပြဲႀကိဳသုံးသပ္ခ်က္

မစ္ဒယ္ဘေရာ့ ႏွင့္ ဘလက္ဘန္း (ည ၉:၃၀)(ေဇႀကီး)

ဒီဇင္ဘာပြဲက်ပ္ကာလေနာက္ပိုင္း မစ္ဒယ္ဘေရာ့ရဲ႕ေျခစြမ္း သိသိသာသာ ယိမ္းယိုင္လာၿပီး ခံစစ္ယိုယြင္းမႈက သူတို႔ရဲ႕အဓိကျပႆနာျဖစ္လာတယ္။အခုဆိုရင္ မစ္ဒယ္ဘေရာ့ခံစစ္က ေနာက္ဆုံး ၆ပြဲဆက္တိုက္ ဂိုးေပးထားရၿပီး မာေက်ာလွပါတယ္ဆိုတဲ့ အိမ္ကြင္းမာဂုဏ္ေတာင္မွ မရွိေတာ့တာ ဘာမင္ဂမ္ရႈံးပြဲက သက္ေသခံလို႔ေနပါတယ္။

ဘလက္ဘန္းကေတာ့ ဒီဇင္ဘာလအတြင္း ရလဒ္ေတြဆိုး႐ြားလို႔ ေျခက်သလိုထင္ရေပမယ့္ ခ်န္ပီယံရွစ္ေနာက္ဆုံး ၄ပြဲမွာတစ္ပြဲသာရႈံးၿပီး ျပန္လည္မာေက်ာမႈဆိုတာကို ျပသႏိုင္ခဲ့တယ္။လက္ရွိမာေက်ာပုံအရဆိုရင္ ဘလက္ဘန္းအေနနဲ႔ မစ္ဒယ္ဘေရာ့ကြင္းမွာ အနိမ့္ဆုံးသေရတစ္မွတ္ရေအာင္ ႀကိဳးစားစြမ္းေဆာင္ႏိုင္ပါလိမ့္မယ္။ဘလက္ဘန္းကို အပိုင္ေ႐ြးပါ။ ဘို႐ိုပန္းခင္းႀကီးထဲက ႏွင္းဆီေတြ ရဲရဲကိုနီလို႔ေပါ့။