”ဦးညွှတ်ပြီး အရိုအသေပြုလိုက်ကြရအောင်”

စနေည ပြင်သစ်လီဂူး ပွဲစဉ်-၂၁ ပွဲကြိုသုံးသပ်ချက်

မိုနာကို နှင့် မာဆေး (ည ၂:၃၀)(ဖိုးရာဇာ)

ချန်ပီယံလိဂ်ကနေထွက်ခွာရပြီးနောက်ပိုင်း ပြင်သစ်လီဂူးမှာဟုတ်မလိုလို ခြေစွမ်ပြသေးပေမယ့်မာဆေးရဲ့လက်ရှိခြေစွမ်းကပြန်လည်ဆိုးရွားလာနေပါပြီ။သော်ဗင်၊ ဘီနီဒက်တိုတို့ရဲ့မာဆေးတိုက်စစ်ကကွင်းလယ်နဲ့အချိတ်အဆက်မမိဘဲခံစစ်ကြောင်းကလည်းဟာလာဟင်းလင်းဆိုတော့စိတ်ပျက်စရာပါပဲ။

မိုနာကိုကတော့ကီဗင်ဗိုလန်၊ ယက်ဒါတို့ရဲ့တိုက်စစ်ပိုင်းဂိုးမြူးပြီး အသင်းလိုက်စုဖွဲ့အားလည်းမာကျောထက်မြက်လွန်းတဲ့အသင်းဖြစ်တယ်။မိုနာကိုအနိုင်သေချာတဲ့ပွဲပါ။ အိမ်ရှင်ကို ဦးညွှတ်အရိုအသေပြုလိုက်ကြရအောင်လား။

zawgyi

”ဦးၫႊတ္ၿပီး အ႐ိုအေသျပဳလိုက္ၾကရေအာင္”

စေနည ျပင္သစ္လီဂူး ပြဲစဥ္-၂၁ ပြဲႀကိဳသုံးသပ္ခ်က္

မိုနာကို ႏွင့္ မာေဆး (ည ၂:၃၀)(ဖိုးရာဇာ)

ခ်န္ပီယံလိဂ္ကေန ထြက္ခြာရၿပီးေနာက္ပိုင္း ျပင္သစ္လီဂူးမွာ ဟုတ္မလိုလို ေျခစြမ္ျပေသးေပမယ့္ မာေဆးရဲ႕လက္ရွိေျခစြမ္းက ျပန္လည္ဆိုး႐ြားလာေနပါၿပီ။ေသာ္ဗင္၊ ဘီနီဒက္တိုတို႔ရဲ႕မာေဆးတိုက္စစ္က ကြင္းလယ္နဲ႔အခ်ိတ္အဆက္မမိဘဲ ခံစစ္ေၾကာင္းကလည္း ဟာလာဟင္းလင္းဆိုေတာ့ စိတ္ပ်က္စရာပါပဲ။

မိုနာကိုကေတာ့ ကီဗင္ဗိုလန္၊ ယက္ဒါတို႔ရဲ႕တိုက္စစ္ပိုင္း ဂိုးျမဴးၿပီး အသင္းလိုက္စုဖြဲ႕အားလည္း မာေက်ာထက္ျမက္လြန္းတဲ့အသင္းျဖစ္တယ္။မိုနာကို အႏိုင္ေသခ်ာတဲ့ပြဲပါ။ အိမ္ရွင္ကို ဦးၫႊတ္အ႐ိုအေသျပဳလိုက္ၾကရေအာင္လား။