အကျောပေးရအောင် ဘာမို့လို့လဲဆိုပြီး ခနဲ့ပါရစေ

ဗုဒ္ဓဟူးည ပြင်သစ်အက်ဖ်အေဖလားဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

မိုနာကို နှင့် ပီအက်စ်ဂျီ (ည ၁း၄၅)(ဖိုးရာဇာ)

ပြင်သစ်လီဂူးထိပ်နားကအသင်းကြီးနှစ်သင်းရင်ဆိုင်မှုဖြစ်တာကြောင့်သေချာပေါက်အကြိတ်အနယ်ရှိပါလိမ့်မယ်။ဒီရာသီပြင်သစ်လီဂူးမှာတွေ့ဆုံကြတော့ နှစ်ကျော့စလုံးမိုနာကိုကချည်းပဲအနိုင်ရရှိခဲ့ပါတယ်။တကယ်တော့ပီအက်စ်ဂျီရဲ့ဒီရာသီခြေစွမ်းကယုံကြည်စိတ်ချရလောက်စရာအခြေအနေနည်းနည်းလေးတောင်မရှိပါဘူး။

တိုက်စစ်ပိုင်းကဂိုးဘယ်လောက်သွင်းသွင်းကွင်းလယ်ယိမ်ယိုင်မှုနဲ့အတူပီအက်စ်ဂျီခံစစ်ကြောင်းကမလိုလားအပ်ဘဲပေးဂိုးတွေများနေရတယ်။မိုနာကိုကတော့ခံစစ်နဲ့ကွင်းလယ်ပိုင်းချိတ်ဆက်မှုအားကောင်းပြီးလိုရင်လိုသလိုလုံခြုံမာကျောအောင်ကစားနိုင်စွမ်းရှိတဲ့အသင်းပါ။ယက်ဒါ၊ ဗိုလန်တို့ရဲ့မိုနာကိုတိုက်စစ်ထိုးဖောက်မှုကိုလည်း အမှားများတဲ့ပီအက်စ်ဂျီခံစစ် ထိန်းချုပ်ဟန့်တားဖို့မလွယ်ဘူး။

ဒါကိုတောင်လူအင်အားအရှိန်အဝါရှိတာလေးတစ်ခုတည်းနဲ့တင်ပီအက်စ်ဂျီက ၁+၈၀ အကျောပေးဖွင့လှစ်ထားတယ်ဆိုတော့မရှုံးဖို့သေချာတဲ့ မိုနာကိုနဲ့အတူ ရှိနေရမယ်။အကျောပေးရအောင်ပီအက်စ်ဂျီကဘာမို့လို့လဲဆိုပြီးတော့တောင်ခနဲ့တဲ့တဲ့ မေးခွန်းထုတ်လိုက်ချင်မိတယ်။

zawgyi




