မာဆေး မရှုံးအောင် ကြိုးစားစွမ်းဆောင်နိုင်ပါလိမ့်မယ်

စနေည ပြင်သစ်လီဂူး ပွဲစဉ်-၅ ပွဲကြိုသုံးသပ်ချက်

မိုနာကို နှင့် မာဆေး (ည ၁း၃၀)(ဖိုးရာဇာ)

ဒီနှစ်သင်းတွေ့ခဲ့တဲ့နောက်ဆုံး ၁၀ပွဲဆက်တိုက်တစ်ဖက်နဲ့တစ်ဖက်ဂိုးတွေအပြန်အလှန်သွင်းယူနိုင်ခဲ့တာချည်းပါပဲ။ဒီရာသီမှာမိုနာကိုရဲ့ခြေစွမ်းကယုံကြည်ချင်စရာမကောင်းဘဲတိုက်စစ်သေလိုက်၊ တကယ်လို့ တိုက်စစ်ဖွင့်ပြန်တော့လည်းခံစစ်ကယိုယွင်းလိုက် ဖြစ်နေရတယ်။

မာဆေးကတော့ရာသီကြိုပြင်ဆင်မှုအားကောင်းခဲ့ပြီး ၃ပွဲကစားပြီးချိန်မှာ ၂ပွဲနိုင်တစ်ပွဲသရေကျထားတယ်။ ပြီးခဲ့တဲ့ရာသီကမိုနာကိုကွင်းမှာအရေးနိမ့်ခဲ့ရပေမယ့် ဒီပွဲမှာတော့မာဆေးမရှုံးအောင်ကြိုးစားစွမ်းဆောင်နိုင်ပါလိမ့်မယ်။

zawgyi




