မိုနာကိုနဲ့အတူ ရှိနေသင့်

တနင်္ဂနွေည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၃၅ ပွဲကြိုသုံးသပ်ချက်

မိုနာကို နှင့် လိုင်ယွန် (ည ၁း၃၀)(ဖိုးရာဇာ)

မကြာသေးခင်က ပြင်သစ်အက်ဖ်အေဖလားမှာ ဒီနှစ်သင်းတွေ့ဆုံထားကြပြီး မိုနာကို ၂ဂိုးပြတ်အနိုင်ရရှိခဲ့တယ်။နိုင်ပွဲတွေဆက်တိုက်ရရှိနေတဲ့ မိုနာကိုရဲ့ခြေစွမ်းက အားရစရာကောင်းလွန်းပြီး ခံစစ်ကလုံခြုံလွန်းသလို ယက်ဒါ၊ ဗိုလန်တို့ရဲ့တိုက်စစ်ကလည်း ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို ဂိုးသွင်းနေနိုင်တယ်။

ချန်ပီယံဆုအတွက် လိုင်လီ၊ ပီအက်စ်ဂျီတို့နဲ့အပြိုင် ဖြစ်နေတာကြောင့်လည်း လက်ကျန်ပွဲတိုင်းကို မိုနာကို ဗိုလ်လုပွဲလိုကြိုးစားကစားပါလိမ့်မယ်။လိုင်ယွန်ကတော့ ချန်ပီယံမျှော်လင့်ချက်မှေးမှိန်နေပေမယ့် ချန်ပီယံဝင်ခွင့်အတွက် ကြိုးစားခွင့်ရှိနေသေးတဲ့အသင်းပါ။

မိုနာကိုက သူတို့ရဲ့ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက်ဖြစ်လို့ ဒီပွဲသာရှုံးရင် လိုင်ယွန်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်က မဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ လိုင်ယွန်ရဲ့ခြေစွမ်းကျဆင်းနေလို့ သရေပါးပါးရှုံး အကျောပေးထားတဲ့ မိုနာကိုနဲ့အတူ ရှိနေသင့်ပါတယ်။

zawgyi




