”သူတို့ဘက်ကနေ ရှိသမျှပုံအော ထောစေရမယ်”

သောကြာည ပြင်သစ်လီဂူး ပွဲစဉ်-၁၆ ပွဲကြိုသုံးသပ်ချက်

မောင့်ပယ်လီယာ နှင့် မိုနာကို (ည ၂:၃၀)(ဖိုးရာဇာ)

ပြင်သစ်လီဂူးနောက်ဆုံး ၅ပွဲဆက်တိုက်အနိုင်ပျောက်ဆုံးထားတဲ့မောင့်ပယ်လီယာရဲ့လက်ရှိအနေအထားကအတော်လေးစိတ်ပျက်စရာကောင်းလှတယ်။ဒီလော့နဲ့ လာဘော်ဒီတို့အတွဲအဖက်မိနေတဲ့တိုက်စစ်ပိုင်းကသွင်းဂိုးတွေပုံမှန်ရရှိနေပေမယ့်လည်းမောင့်ပယ်လီယာခံစစ်ကအမှားအယွင်းများလွန်းတယ်။

ဒါ့ပြင်ခုနကပြောတဲ့ကစားသမားတွေခြေစွမ်းမပြနိုင်ချိန်မှာသူတို့တိုက်စစ်ကသိသိသာသာအားပျော့သွားတတ်ပါသေးတယ်။မိုနာကိုကတော့ အခုနောက်ပိုင်းအသင်းလိုက်စုဖွဲ့ကစားအားအရမ်းကိုတိုးတက်ထက်မြက်လာတဲ့အသင်းပါ။

မိုနာကိုခံစစ်ကြောင်းမှာအားနည်းမှုတွေရှိနေဆဲဆိုပေမယ့် ကီဗင်ဗိုလန်၊ ယက်ဒါတို့ရဲ့တိုက်စစ်ကြောင်းကတော့ဘယ်လိုပြိုင်ဘက်ရဲ့ခံစစ်မျိုးကိုမဆို ထိုးဖောက်နိုင်စွမ်းရှိတယ်။

ဒါကြောင့်မောင့်ပယ်လီယာအနေနဲ့အိမ်ရှင်ဆိုပေမယ့်လည်းပွဲစတယ်ဆိုကတည်းကမိုနာကိုရဲ့တစ်ဖက်သတ်ဖိအားပေးတိုက်စစ်ဆင်မှုကိုအလူးအလဲတောင့်ခံရပါလိမ့်မယ်။ဂိုးမပြတ်ဘူးဆိုရင်တောင်မောင့်ပယ်လီယာရှုံးနိမ့်ဖို့ကသေချာလွန်းနေတယ်။တစ်ဂိုးနိုင်ရင်ပဲ ၈၅ ရနေပြီဖြစ်တဲ့ မိုနာကိုဘက်ကနေ ရှိသမျှပုံအောပါထောကိုထောစေရပါမယ်။

zawgyi




