အီဘရာဟီမိုဗစ် ရာသီအကုန်အထိ အနားယူရတော့မည်

La Gazzatta dello Sport ကအေစီမီလန်တိုက်စစ်မှူးဇလာတန်အီဘရာဟီမိုဗစ်မှာယခုရာသီတွင်အေစီမီလန်အတွက်ကစားနိုင်တော့မှာမဟုတ်ကြောင်းဖော်ပြသွားခဲ့ပါတယ်။ဒါပေမယ့်အီဘရာဟီမိုဗစ်ဟာလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲတွင်ဆွီဒင်အသင်းနှင့်အတူကစားလာနိုင်မည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၃၉နှစ်ရှိဆွီဒင်တိုက်စစ်မှူးဟာတနင်္ဂနွေနေ့တုန်းကဂျူဗင်တပ်အား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ဘယ်ဖက်ဒူးဒဏ်ရာရရှိခဲ့ပါတယ်။အေစီမီလန်နည်းပြပီအိုလီကမန်ယူတိုက်စစ်မှူးဟောင်းမှာအနည်းဆုံးနှစ်ပွဲလွဲချော်မှာဖြစ်ကြောင်းပြောကြားထားပါတယ်။

သူဟာမနေ့ညတုန်းကတိုရီနိုကို၇-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲကိုစတင်လွဲချော်ခဲ့ပြီးတနင်္ဂနွေနေ့တွင်ကက်ဂလီယာရီနှင့်ကစားရမယ့်ပွဲကိုလည်းလွဲချော်ပါမယ်။

အီဘရာဟီမိုဗစ်ဟာလာမယ့်အပတ်မှာဒူးဒဏ်ရာအခြေအနေကိုနောက်ထပ်စစ်ဆေးမှုပြုလုပ်ရပါမယ်။ဒါပေမယ့် La Gazzatta dello Sport က အီဘရာဟီမိုဗစ်ရဲ့ဒဏ်ရာမှာထင်မှတျထားတာထကျဆိုးရှားနပွေီးအတ်တလန္တာနှင့်ရင်ဆိုင်ကစားရမယ့်ရာသီသိမ်းပွဲစဉ်ကိုလည်းလွဲချော်လာမှာဖြစ်ကြောင်းဖော်ပြသွားပါတယ်။

သူဟာဒူးဒဏ်ရာကြောင့်သုံးပတ်မှလေးပတ်အထိအနားယူရနိုင်ပါတယ်။ယူရို၂၀၂၀ပြိုင်ပွဲမှာဇွန်လ၁၁ရက်နေ့တွင်ကျင်းပမည်ဖြစ်ရာအီဘရာဟီမိုဗစ်ဟာဇွန်လ၁၄ရက်နေ့တွင်ကစားမယ့်စပိန်နှင့်အဖွင့်ပွဲကိုလွဲချော်နိုင်ပါတယ်။ဒါပေမယ့်သူဟာပိုလန်၊ဆလိုဗက်ကီးယားတို့နှင့်ပွဲမှာပါဝင်လာဖို့ရှိပါတယ်။

zawgyi

အီဘရာဟီမိုဗစ္ ရာသီအကုန္အထိ အနားယူရေတာ့မည္

La Gazzatta dello Sport ကေအစီမီလန္တိုက္စစ္မႉးဇလာတန္အီဘရာဟီမိုဗစ္မွာယခုရာသီတြင္ေအစီမီလန္အတြက္ကစားႏိုင္ေတာ့မွာမဟုတ္ေၾကာင္းေဖာ္ျပသြားခဲ့ပါတယ္။ဒါေပမယ့္အီဘရာဟီမိုဗစ္ဟာလာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ဆြီဒင္အသင္းႏွင့္အတူကစားလာႏိုင္မည္ျဖစ္ေၾကာင္းသိရပါတယ္။

အသက္၃၉ႏွစ္ရွိဆြီဒင္တိုက္စစ္မႉးဟာတနဂၤေႏြေန႔တုန္းကဂ်ဴဗင္တပ္အား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ဘယ္ဖက္ဒူးဒဏ္ရာရရွိခဲ့ပါတယ္။ေအစီမီလန္နည္းျပပီအိုလီကမန္ယူတိုက္စစ္မႉးေဟာင္းမွာအနည္းဆုံးႏွစ္ပြဲလြဲေခ်ာ္မွာျဖစ္ေၾကာင္းေျပာၾကားထားပါတယ္။

သူဟာမေန႔ညတုန္းကတိုရီႏိုကို၇-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲကိုစတင္လြဲေခ်ာ္ခဲ့ၿပီးတနဂၤေႏြေန႔တြင္ကက္ဂလီယာရီႏွင့္ကစားရမယ့္ပြဲကိုလည္းလြဲေခ်ာ္ပါမယ္။

အီဘရာဟီမိုဗစ္ဟာလာမယ့္အပတ္မွာဒူးဒဏ္ရာအေျခအေနကိုေနာက္ထပ္စစ္ေဆးမႈျပဳလုပ္ရပါမယ္။ဒါေပမယ့္ La Gazzatta dello Sport က အီဘရာဟီမိုဗစ္ရဲ႕ဒဏ္ရာမွာထင္မွတ်ထားတာထက်ဆိုးရွားနေပြီးအတ္တလႏၲာႏွင့္ရင္ဆိုင္ကစားရမယ့္ရာသီသိမ္းပြဲစဥ္ကိုလည္းလြဲေခ်ာ္လာမွာျဖစ္ေၾကာင္းေဖာ္ျပသြားပါတယ္။

သူဟာဒူးဒဏ္ရာေၾကာင့္သုံးပတ္မွေလးပတ္အထိအနားယူရႏိုင္ပါတယ္။ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာဇြန္လ၁၁ရက္ေန႔တြင္က်င္းပမည္ျဖစ္ရာအီဘရာဟီမိုဗစ္ဟာဇြန္လ၁၄ရက္ေန႔တြင္ကစားမယ့္စပိန္ႏွင့္အဖြင့္ပြဲကိုလြဲေခ်ာ္ႏိုင္ပါတယ္။ဒါေပမယ့္သူဟာပိုလန္၊ဆလိုဗက္ကီးယားတို႔ႏွင့္ပြဲမွာပါဝင္လာဖို႔ရွိပါတယ္။