ယူရို၂၀၂၀ပြိုင်ပွဲကိုအီဘရာဟီမိုဗစ်လွဲချော်နိုင်

အေစီမီလန်တိုက်စစ်မှူးဇလာတန်အီဘရာဟီမိုဗစ်ဟာဂျူဗင်တပ်နှင့်ပွဲစဉ်တွင်ရရှိတဲ့ဒူးဒဏ်ရာကြောင့်လာမယ့်ယူရို၂၀၂၀ပြိုင်ပွဲကိုလွဲချော်ရမယ့်အခြေအနေမျိုးနှင့်ရင်ဆိုင်နေကြောင်းသိရပါတယ်။

ဆွီဒင်တိုက်စစ်မှူးအားဂျူဗင်တပ်အား၃-၀ဂိုးဖြင့်အဝေးကွင်းတွင်အနိုင်ရရှိတဲ့ပွဲမှာဘောလုံးယှဉ်လုစဉ်ကွင်းအတွင်းလဲကျခဲ့ပြီးဒူးဒဏ်ရာရရှိခဲ့ပါတယ်။သူဟာပြန်ထလာကာပွဲကိုဆက်ကစားရန်ကြိုးပမ်းခဲ့ပေမယ့်ဆက်မကစားနိုင်တော့ဘဲရီဘစ်နှင့်အစားထိုးခဲ့ရပါတယ်။

လက်ရှိအချိန်တွင်အသက်၃၉နှစ်ရှိတိုက်စစ်မှူးမှာဒူးဒဏ်ရာကြောင့်မည်မျှအနားယူရမလဲဆိုတာအတိအကျမပြောနိုင်သေးပါဘူး။ဒါပေမယ့်ဒဏ်ရာအခြေအနေမှာဆိုးရွားပါကဆွီဒင်ရဲ့လာမယ့်ယူရို၂၀၂၀ပြိုင်ပွဲကိုပါလွဲချော်ရမှာဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ဟာမကြာသေးမီတုန်းကမှဆွီဒင်လက်ရွေးစင်ကစားသမားဘဝမှအနားယူထားရာမှပြန်လည်ကစားခဲ့သူလည်းဖြစ်ပါတယ်။သူဟာဆွီဒင်လက်ရွေးစင်အတွက်၁၁၈ပွဲကစားထားရာမှာ၆၂ဂိုးသွင်းယူပြီးဆွီဒင်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။

zawgyi

ယူ႐ို၂၀၂၀ၿပိဳင္ပြဲကိုအီဘရာဟီမိုဗစ္လြဲေခ်ာ္ႏိုင္

ေအစီမီလန္တိုက္စစ္မႉးဇလာတန္အီဘရာဟီမိုဗစ္ဟာဂ်ဴဗင္တပ္ႏွင့္ပြဲစဥ္တြင္ရရွိတဲ့ဒူးဒဏ္ရာေၾကာင့္လာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲကိုလြဲေခ်ာ္ရမယ့္အေျခအေနမ်ိဳးႏွင့္ရင္ဆိုင္ေနေၾကာင္းသိရပါတယ္။

ဆြီဒင္တိုက္စစ္မႉးအားဂ်ဴဗင္တပ္အား၃-၀ဂိုးျဖင့္အေဝးကြင္းတြင္အႏိုင္ရရွိတဲ့ပြဲမွာေဘာလုံးယွဥ္လုစဥ္ကြင္းအတြင္းလဲက်ခဲ့ၿပီးဒူးဒဏ္ရာရရွိခဲ့ပါတယ္။သူဟာျပန္ထလာကာပြဲကိုဆက္ကစားရန္ႀကိဳးပမ္းခဲ့ေပမယ့္ဆက္မကစားႏိုင္ေတာ့ဘဲရီဘစ္ႏွင့္အစားထိုးခဲ့ရပါတယ္။

လက္ရွိအခ်ိန္တြင္အသက္၃၉ႏွစ္ရွိတိုက္စစ္မႉးမွာဒူးဒဏ္ရာေၾကာင့္မည္မွ်အနားယူရမလဲဆိုတာအတိအက်မေျပာႏိုင္ေသးပါဘူး။ဒါေပမယ့္ဒဏ္ရာအေျခအေနမွာဆိုး႐ြားပါကဆြီဒင္ရဲ႕လာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲကိုပါလြဲေခ်ာ္ရမွာျဖစ္ပါတယ္။

အီဘရာဟီမိုဗစ္ဟာမၾကာေသးမီတုန္းကမွဆြီဒင္လက္ေ႐ြးစင္ကစားသမားဘဝမွအနားယူထားရာမွျပန္လည္ကစားခဲ့သူလည္းျဖစ္ပါတယ္။သူဟာဆြီဒင္လက္ေ႐ြးစင္အတြက္၁၁၈ပြဲကစားထားရာမွာ၆၂ဂိုးသြင္းယူၿပီးဆြီဒင္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။