အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ရယူနိုင်စွမ်းရှိတဲ့ မန်ယူပါပဲ

ကြာသပတေးည ယူရိုပါလိဂ် ၁၆သင်းအဆင့်(ပ- ကျော့) အစောပိုင်းပွဲများ ပွဲကြိုသုံးသပ်ချက်

မန်ယူ နှင့် အေစီမီလန် (ည ၁၂:၂၅)(စိုင်းကို- တောင်ကြီး)

ခံစစ်ပိုင်းအမှားများမှုနဲ့အတူအေစီမီလန်ရဲ့ကစားအားယိမ်းယိမ်းယိုင်ယိုင်ဖြစ်နေပါတယ်။ရလဒ်တွေတိုးတက်လာသလိုရှိပေမယ့်အသင်းကြီးတွေကိုတော့ယှဉ်နိုင်စွမ်းမရှိလောက်ဘူး။

လက်ရှိအချိန်အီဘရာဟီမိုဗစ်နဲ့ မန်ဇူကစ်တို့ နာနေတာကြောင့်အေစီမီလန်တိုက်စစ်ကသေချာပေါက်အားပျော့ပါလိမ့်မယ်။ယူရိုပါလိဂ်မှာအဓိကဂိုးသွင်းရှင်လိုဖြစ်နေတဲ့ကယ်ဟာနိုဂလူးလည်းတံကောက်ကြောထိထားလို့ အေစီမီလန်တိုက်စစ်လုံးဝအသက်မရှိနိုင်ဘူး။

ဒီလိုအချိန်မှာပရီးမီးယားလိဂ်ကလပ်မန်ယူကခံစစ်ကြောင်းလုံခြုံလွန်းနေတော့ အသက်မဲ့လှတဲ့အေစီမီလန်တိုက်စစ်ကိုထိန်းချုပ်ဟန့်တားနိုင်ပါလိမ့်မယ်။အေစီမီလန်ခံစစ်ယိုယွင်းတယ်ဆိုပေမယ့်လည်းမန်ယူတိုက်စစ်အရှိန်သေနေချိန်ဖြစ်လို့ ဂိုးတွေသိပ်ပေးရမယ်မထင်ဘူး။

ဂိုးပေါင်းကြေး ၃+၈၀မှာ အသင်းရွေးအားပေးဖို့ထက်ဂိုးပေါင်းအောက်ကိုပဲအပိုင်ချသင့်တယ်။မဖြစ်မနေတစ်သင်းရွေးအားပေးချင်တယ်ဆိုရင်တော့ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာအနိုင်ရယူနိုင်စွမ်းရှိတဲ့မန်ယူပါပဲ။

zawgyi




