ဂလေဇာသပိတ်ကြောင့် ပေါင်သန်း ၂၀၀ နစ်နာခဲ့တဲ့ သရဲနီ

မန်ယူဟာဂလေဇာမိသားစုဟာမန်ယူပရိသတ်များရဲ့သပိတ်မှောက်ဆန္ဒပြမှုနဲ့အတူပေါင်သန်း၂၀၀တန်ဖိုးရှိလေ့ကျင့်ရေးကွင်းအင်္ကျီစပွန်ဆာနစ်နာဆုံးရှုံးခဲ့ကြောင်းသိရပါတယ်။

မန်ချက်စတာအခြေစိုက် The Hut Group ဟာမန်ယူအသင်းရဲ့လေ့ကျင့်ရေးကွင်းအင်္ကျီစပွန်ဆာ၁၀နှစ်စာချုပ်ကမ်းလှမ်းရန်စီစဉ်ထားပြီးစာချုပ်တန်ဖိုးမှာပေါင်သန်း၂၀၀အထိတန်ဖိုးရှိပါတယ်။ဒါပေမယ့် The Hut Group ဟာမန်ယူအသင်းပိုင်ရှင်ဂလေဇာမိသားစုအားမန်ယူပရိသတ်များကအကြီးအကျယ်ဆန္ဒပြမှုနဲ့အတူစပွန်ဆာစာချုပ်မချုပ်ဆိုဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

The Hut Group ပိုင် MyProtein ဟာဇူလိုင်လ၁ရက်နေ့တွင်သက်တမ်းကုန်ဆုံးမယ့် AON နေရာတွင်အစားထိုးရန်မန်ယူအသင်းတာဝန်ရှိသူများနှင့်အကြမ်းဖျဉ်းသဘောတူညီမှုရရှိထားခဲ့သော်လည်းAnti-Glazer သပိတ်ကြောင့်ကမ်းလှမ်းမှုအားရုတ်သိမ်းရန်ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

အထူးသဖြင့် The Hut Group ဟာမန်ယူအားစပွန်ဆာပေးလိုက်မှုကြောင့်၎င်းတို့လုပ်ဆောင်နေတဲ့အခြားလုပ်ငန်းများအပေါ်တွင်ပါအကြီးအကျယ်ရိုက်ခတ်လာမည်ကိုစိုးရိမ်နေတာလည်းဖြစ်ပါတယ်။

မန်ယူပရိသတ်များဟာပြီးခဲ့တဲ့အပတ်လီဗာပူးနှင့်ပွဲစဉ်မတိုင်မီအသင်းပိုင်ရှင်ဂလေဇာမိသားစုကိုအကြီးအကျယ်သပိတ်မှောက်မှုပြုလုပ်ခဲ့ပြီးပွဲကိုရွှေ့ဆိုင်းခဲ့ရပါတယ်။မန်ယူ-လီဗာပူးပွဲစဉ်ကိုလာမယ့်မေလ၁၃ရက်နေ့မှာပြန်လည်ကစားသွားပါမယ်။

zawgyi





