”ဒီညလည်းသရဲနီအော်သံကကျယ်ကျယ်လောင်လောင်”

ကြာသပတေးညယူရိုပါလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်များပွဲကြိုသုံးသပ်ချက်

မန်ယူ နှင့် ဂရန်နာဒါ (ည ၁:၃၀)(မြန်မာပြည်ဂုရု)

ပထမအကျော့တုန်းကအဝေးကွင်းဖြစ်တာတောင်မန်ယူ ၂-၀ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။အိမ်ကွင်းမှာတောင်ရှုံးခဲ့ရတဲ့ဂရန်နာဒါအနေနဲ့ အခုကစားရမှာက အဝေးကွင်းဖြစ်နေလို့ ပိုပြီးတော့မလွယ်ကူနိုင်ပါဘူး။

နောက်တစ်ဆင့်တက်ရောက်နိုင်ရေးမျှော်လင့်ချက်မှိန်ပျပျအတွက်မန်ယူကို ပြန်လည်အနိုင်ယူနိုင်ဖို့ ဂရန်နာဒါ ဖောင်ဖျက်တိုက်ပွဲဝင်လာပါလိမ့်မယ်။ဒီလိုဖောင်ဖျက်ကစားဟန်ကပဲယိုယွင်းပြီးသားဂရန်နာဒါခံစစ်ပွင့်ထွက်ရခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်လာနိုင်တယ်။

ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်တို့ခြေစွမ်းပြနေတဲ့မန်ယူတိုက်စစ်အိမ်ကွင်းမှာဂိုးတွေသွင်းနိုင်မှာပါ။ဒဏ်ရာရနဲ့ ပွဲပယ်ခံထားရသူတွေများလွန်းတဲ့ဂရန်နာဒါကိုမန်ယူ ဂိုးပြတ်တောင်ချေမှုန်းနိုင်ပါလိမ့်မယ်။ သရဲနီအော်သံကျယ်ကျယ်လောင်လောင်ကြားရဖို့သေချာတယ်။

zawgyi

”ဒီညလည္း သရဲနီေအာ္သံက က်ယ္က်ယ္ေလာင္ေလာင္”

ၾကာသပေတးည ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္မ်ား ပြဲႀကိဳသုံးသပ္ခ်က္

မန္ယူ ႏွင့္ ဂရန္နာဒါ (ည ၁:၃၀)(ျမန္မာျပည္ဂု႐ု)

ပထမအေက်ာ့တုန္းက အေဝးကြင္းျဖစ္တာေတာင္ မန္ယူ ၂-၀ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။အိမ္ကြင္းမွာေတာင္ ရႈံးခဲ့ရတဲ့ ဂရန္နာဒါအေနနဲ႔ အခုကစားရမွာက အေဝးကြင္းျဖစ္ေနလို႔ ပိုၿပီးေတာ့ မလြယ္ကူႏိုင္ပါဘူး။ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ေရး ေမွ်ာ္လင့္ခ်က္မွိန္ပ်ပ်အတြက္ မန္ယူကို ျပန္လည္အႏိုင္ယူႏိုင္ဖို႔ ဂရန္နာဒါ ေဖာင္ဖ်က္တိုက္ပြဲဝင္လာပါလိမ့္မယ္။

ဒီလိုေဖာင္ဖ်က္ကစားဟန္ကပဲ ယိုယြင္းၿပီးသား ဂရန္နာဒါခံစစ္ ပြင့္ထြက္ရျခင္းရဲ႕အဓိကအေၾကာင္းရင္းျဖစ္လာႏိုင္တယ္။ဖာနန္ဒက္စ္၊ ရက္ရွ္ဖို႔ဒ္တို႔ ေျခစြမ္းျပေနတဲ့ မန္ယူတိုက္စစ္ အိမ္ကြင္းမွာ ဂိုးေတြသြင္းႏိုင္မွာပါ။ဒဏ္ရာရနဲ႔ ပြဲပယ္ခံထားရသူေတြမ်ားလြန္းတဲ့ ဂရန္နာဒါကို မန္ယူ ဂိုးျပတ္ေတာင္ ေခ်မႈန္းႏိုင္ပါလိမ့္မယ္။ သရဲနီေအာ္သံ က်ယ္က်ယ္ေလာင္ေလာင္ ၾကားရဖို႔ေသခ်ာတယ္။