ဟယ်ရီကိန်းနှင့်ဟာလန်းတို့အားခေါ်ယူရေးခက်ခဲသွားတဲ့သရဲနီ

မန်ယူဟာဝါရင့်တိုက်စစ်မှူးအက်ဒီဆင်ကာဗာနီကိုတစ်နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။ကာဗာနီဟာနွေရာသီတုန်းကမန်ယူသို့တစ်နှစ်စာချုပ်ဖြင့်ရောက်လာခဲ့တာဖြစ်ပြီးနောက်တစ်နှစ်သက်တမ်းတိုးချုပ်ဆိုလိုက်တာပါ။

ယင်းသို့ကာဗာနီကိုစာချုပ်သစ်ချုပ်ဆိုလိုက်မှုနဲ့အတူမန်ယူဟာစပါးစ်တိုက်စစ်မှူးဟယ်ရီကိန်း၊ဒေါ့မွန်တိုက်စစ်မှူးအာလင်းဟာလန်းတို့အားခေါ်ယူရေးအလွန်ခက်ခဲတဲ့အနေအထားမျိုးသို့ရောက်သွားပါတယ်။

ဆိုးလ်ရှားဟာအသက်၃၄နှစ်ရှိဥရုဂွေးတိုက်စစ်မှူးရဲ့ကွင်းတွင်း/လေ့ကျင့်ခန်းစွမ်းဆောင်ရည်များအပေါ်တွင်ကျေနပ်အားရမှုနဲ့အတူလုပ်ခတိုးမြှင့်ပြီးစာချုပ်သစ်ချုပ်ဆိုလိုက်တာပါ။

ပီအက်စ်ဂျီတိုက်စစ်မှူးဟာစာချုပ်သစ်ကြောင့်မန်ယူတွင်တစ်ပတ်လုပ်ခပေါင်၂၅၀၀၀၀အထိရရှိလာတော့မှာဖြစ်ပါတယ်။ဒါပေမယ့်ကာဗာနီဟာစာချုပ်သစ်ချုပ်ဆိုလိုက်မှုနဲ့အတူမန်ယူရဲ့တိုက်စစ်မှူးရှာတော်ပုံဖွင့်မှုကနောက်ထပ် ၁၂လတာစောင့်ဆိုင်းရဦးမယ့်အခြေအနေသို့ရောက်သွားခဲ့ပါတယ်။

စပါးစ်တိုက်စစ်မှူးဟယ်ရီကိန်းဟာကစားသမားတစ်လျှောက်ဆုဖလားတစ်ကြိမ်မျှမဆွတ်ခူးထားနိုင်မှုနဲ့အတူနှရောသီတှငျအသငျးပွောငျးရနျဆန်ဒရှိနေပါတယ်။စပါးစ်ဥက္ကဌလီဗိုင်းကလည်းဟယ်ရီကိန်းကိုပရီးမီးယားလိဂ်ပြိုင်ဘက်သို့ရောင်းချခြင်းထက်အခြားလိဂ်တစ်ခုသို့သာရောင်းချလိုနေပါတယ်။

အခြားတစ်ဖက်တွင်ဒေါ့မွန်ကနော်ဝေတိုက်စစ်မှူးဟာလန်းအတွက်မြင့်မားတဲ့ပြောင်းရွှေ့ကြေးတောင်းဆိုနေရာမန်ယူအနေဖြင့်တတ်နိုင်ခြင်းမရှိပါဘူး။ကာဗာနီဟာယခုရာသီမှာမန်ယူအတွက်၁၅ဂိုးသွင်းပေးထားပြီးယင်းမှ၈ဂိုးကိုနောက်ဆုံးကစားတဲ့၇ပွဲတွင်သွင်းယူခဲ့တာဖြစ်ပါတယ်။

မန်ယူဟာကာဗာနီဆက်ရှိနေမှုဖြစ်လို့လာမယ့်ရာသီအတွက်တိုက်စစ်မှူးများအဖြစ်ကာဗာနီ၊မာရှယ်၊ရပ်ရှ်ဖို့ဒ်နှင့်ဂရင်းဝုဒ်တို့အားဆက်လက်သုံးသွားရဦးမှာဖြစ်ပါတယ်

zawgyi









