သရဲဆူမလား မြေခွေးအူမလား အလုပ်ရှုပ်ခံပြီးတွေးမနေနဲ့

အင်္ဂါည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၃၆ ပွဲကြိုသုံးသပ်ချက်

မန်ယူ နှင့် လက်စတာ (၁၁း၃၀)(အိုဇုန်း)

အခုပွဲကိုသရေလောက်ကစားနိုင်ရင်ပဲမန်ယူအတွက်ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်ကသေချာသလောက်ရှိသွားတော့မှာပါ။ဒါကြောင့်မန်ယူအတွက်ဖိအားကင်းကင်းကစားခွင့်ရရှိတဲ့အခြေအနေမျိုးလို့ဆိုရမယ်။

လက်ရှိမှာမန်ယူဟာဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်တို့ရဲ့တိုက်စစ်ပိုင်းကဂိုးသွင်းအားကောင်းသလောက်ခံစစ်ပိုင်းလုံခြုံမှုမရှိပါဘူး။ ပြောရမယ်ဆိုရင်တိုက်စစ်အသားပေးနည်းဗျူဟာအသက်ဝင်နေလို့ပါပဲ။

လက်စတာကလည်းချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက်ဒီပွဲကိုအနိုင်မခံအရှုံးမပေးကစားရမယ့်အသင်းဖြစ်တယ်။လက်စတာခံစစ်ကြောင်းမှာ အားနည်းမှုတွေရှိနေပေမယ့်လည်းဗာဒီဦးဆောင်တဲ့တိုက်စစ်ကတော့ပုံမှန်ဂိုးသွင်းအားရှိနေပါတယ်။

အိမ်ရှင်မန်ယူရဲ့ဖိအားကင်းအနေအထားကြောင့်အခုပွဲမှာအပြန်အလှန်သွင်းဂိုးတွေကို မြင်ရဖို့သေချာနေတယ်။သရဲနီမလားမြေခွေးအူမလားအလုပ်ရှုပ်ခံမတွေးလိုက်ကြပါနဲ့။ ဂိုးတွေပြိုင်သွင်းဖို့ပဲသေချာပါတယ်။

zawgyi

သရဲဆူမလား ေျမေခြးအူမလား အလုပ္ရႈပ္ခံၿပီးေတြးမေနနဲ႔

အဂၤါည အဂၤလန္ပရီးမီးယားလိဂ္ ပြဲစဥ္-၃၆ ပြဲႀကိဳသုံးသပ္ခ်က္

မန္ယူ ႏွင့္ လက္စတာ (၁၁း၃၀)(အိုဇုန္း)

အခုပြဲကို သေရေလာက္ကစားႏိုင္ရင္ပဲ မန္ယူအတြက္ ခ်န္ပီယံလိဂ္တိုက္႐ိုက္ဝင္ခြင့္က ေသခ်ာသေလာက္ရွိသြားေတာ့မွာပါ။ဒါေၾကာင့္ မန္ယူအတြက္ ဖိအားကင္းကင္းကစားခြင့္ရရွိတဲ့ အေျခအေနမ်ိဳးလို႔ဆိုရမယ္။လက္ရွိမွာ မန္ယူဟာ ဖာနန္ဒက္စ္၊ ရက္ရွ္ဖို႔ဒ္တို႔ရဲ႕တိုက္စစ္ပိုင္းက ဂိုးသြင္းအားေကာင္းသေလာက္ ခံစစ္ပိုင္းလုံၿခဳံမႈမရွိပါဘူး။ ေျပာရမယ္ဆိုရင္ တိုက္စစ္အသားေပးနည္းဗ်ဴဟာ အသက္ဝင္ေနလို႔ပါပဲ။

လက္စတာကလည္း ခ်န္ပီယံလိဂ္ဝင္ခြင့္ေမွ်ာ္လင့္ခ်က္အတြက္ ဒီပြဲကို အႏိုင္မခံအရႈံးမေပးကစားရမယ့္အသင္းျဖစ္တယ္။လက္စတာခံစစ္ေၾကာင္းမွာ အားနည္းမႈေတြရွိေနေပမယ့္လည္း ဗာဒီဦးေဆာင္တဲ့တိုက္စစ္ကေတာ့ ပုံမွန္ဂိုးသြင္းအားရွိေနပါတယ္။အိမ္ရွင္မန္ယူရဲ႕ဖိအားကင္းအေနအထားေၾကာင့္ အခုပြဲမွာ အျပန္အလွန္သြင္းဂိုးေတြကို ျမင္ရဖို႔ေသခ်ာေနတယ္။သရဲနီမလား ေျမေခြးအူမလား အလုပ္ရႈပ္ခံ မေတြးလိုက္ၾကပါနဲ႔။ ဂိုးေတြၿပိဳင္သြင္းဖို႔ပဲ ေသခ်ာပါတယ္။