သရဲသားဆိုတာ ကြိုးကြာငှက်တွေရဲ့အစာ မဟုတ်

တနင်္ဂနွေည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၃၄ ပွဲကြိုသုံးသပ်ချက်

မန်ယူ နှင့် လီဗာပူး (ည ၁၀းဝဝ)(အိုဇုန်း)

ချန်ပီယံလိဂ်ပြိုင်ပွဲကနေထွက်ခွာလိုက်ရပြီးနောက်ပိုင်းပရီးမီးယားလိဂ်မှာလည်းလီဗာပူးဆက်တိုက်ရုန်းကန်နေရတယ်။ဒီလိုမျိုးနိမ့်ကျလွန်းနေတာဟာဒီရာသီအတွက်လီဗာပူးရဲ့ ပြယုဂ်အမှန်လို့တောင်ဆိုရတော့မလိုပါပဲ။

ဒဏ်ရာပြသနာတွေကလီဗာပူးကိုတစ်ရာသီလုံးနှိပ်စက်နေခဲ့တယ်ဆိုတာငြင်းမရတဲ့အဖြေတစ်ခုဖြစ်ပါတယ်။ အခုချိန်ထိလီဗာပူးမှာချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ရှိနေပါသေးတယ်။ ဒါပေမဲ့ကစားကွက်မတည်ငြိမ်မှု၊ ခံစစ်ယိုယွင်းမှု စတာတွေကြောင့်ရာသီသိမ်းပန်းဝင်ခရီးလှပဖို့ကထင်သလောက်မလွယ်နိုင်ဘူးလို့ ယူဆမိတယ်။

မန်ယူကတော့ယူရိုပါလိဂ်ပွဲပန်းထားပေမယ့်အိမ်ကွင်းဖြစ်လို့ ခရီးပန်းမှုဒဏ်တော့ရှိမနေပါဘူး။ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်ဆိုတာထက်အမှတ်ပေးဇယား ဒုတိယနေရာကနေ ပန်းဝင်နိုင်ဖို့ မန်ယူရည်မှန်းနေမှာပါ။

ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ကာဗာနီတို့ရဲ့ မန်ယူတိုက်စစ်ကဂိုးသွင်းအားထက်မြက်လို့အမှားများတဲ့လီဗာပူးခံစစ်ကြောင်းကိုအခက်တွေ့စေပါလိမ့်မယ်။ မန်ယူအနိမ့်ဆုံးသရေတစ်မှတ်ယူနိုင်ဖို့ဆိုတာအလွယ်လေးရယ်ပါ။ သရဲသားဆိုတာကြိုးကြာငှက်တွေရဲ့အစာမဟုတ်ပါဘူး။

zawgyi

သရဲသားဆိုတာ ႀကိဳးၾကာငွက္ေတြရဲ႕အစာ မဟုတ္

တနဂၤေႏြည အဂၤလန္ပရီးမီးယားလိဂ္ ပြဲစဥ္-၃၄ ပြဲႀကိဳသုံးသပ္ခ်က္

မန္ယူ ႏွင့္ လီဗာပူး (ည ၁၀းဝဝ)(အိုဇုန္း)

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာလိုက္ရၿပီးေနာက္ပိုင္း ပရီးမီးယားလိဂ္မွာလည္း လီဗာပူး ဆက္တိုက္႐ုန္းကန္ေနရတယ္။ဒီလိုမ်ိဳး နိမ့္က်လြန္းေနတာဟာ ဒီရာသီအတြက္ လီဗာပူးရဲ႕ ျပယုဂ္အမွန္လို႔ေတာင္ ဆိုရေတာ့မလိုပါပဲ။ဒဏ္ရာျပသနာေတြက လီဗာပူးကို တစ္ရာသီလုံး ႏွိပ္စက္ေနခဲ့တယ္ဆိုတာ ျငင္းမရတဲ့အေျဖတစ္ခုျဖစ္ပါတယ္။ အခုခ်ိန္ထိ လီဗာပူးမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ေမွ်ာ္လင့္ခ်က္ရွိေနပါေသးတယ္။

ဒါေပမဲ့ ကစားကြက္မတည္ၿငိမ္မႈ၊ ခံစစ္ယိုယြင္းမႈ စတာေတြေၾကာင့္ ရာသီသိမ္းပန္းဝင္ခရီးလွပဖို႔က ထင္သေလာက္မလြယ္ႏိုင္ဘူးလို႔ ယူဆမိတယ္။မန္ယူကေတာ့ ယူ႐ိုပါလိဂ္ပြဲပန္းထားေပမယ့္ အိမ္ကြင္းျဖစ္လို႔ ခရီးပန္းမႈဒဏ္ေတာ့ ရွိမေနပါဘူး။ခ်န္ပီယံလိဂ္တိုက္႐ိုက္ဝင္ခြင့္ဆိုတာထက္ အမွတ္ေပးဇယား ဒုတိယေနရာကေန ပန္းဝင္ႏိုင္ဖို႔ မန္ယူရည္မွန္းေနမွာပါ။ ဖာနန္ဒက္စ္၊ ရက္ရွ္ဖို႔ဒ္၊ ကာဗာနီတို႔ရဲ႕ မန္ယူတိုက္စစ္က ဂိုးသြင္းအားထက္ျမက္လို႔ အမွားမ်ားတဲ့ လီဗာပူးခံစစ္ေၾကာင္းကို အခက္ေတြ႕ေစပါလိမ့္မယ္။ မန္ယူအနိမ့္ဆုံး သေရတစ္မွတ္ယူႏိုင္ဖို႔ဆိုတာ အလြယ္ေလးရယ္ပါ။ သရဲသားဆိုတာ ႀကိဳးၾကာငွက္ေတြရဲ႕အစာ မဟုတ္ပါဘူး။