မန်ယူ-လီဗာပူးပွဲကို မေလ ၁၃ ရက်နေ့တွင်ပြန်ကစားမည်

မန်ယူရဲ့လီဗာပူးနှင့်ပရီးမီးယားလိဂ်ပွဲစဉ်ကိုလာမယ့်မေလ၁၃ရက်နေ့ကြာသပတေးနေ့တွင်ကစားသွားမှာဖြစ်ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့အပတ်ကစားရန်စီစဉ်ထားတဲ့မန်ယူနှင့်လီဗာပူးပွဲစဉ်မှာမန်ယူပရိသတ်များရဲ့အကြီးအကျယ်ဆန္ဒပြမှုကြောင့်ရွှေ့ဆိုင်းခဲ့ရပါတယ်။မန်ယူဟာလီဗာပူးနှင့်ပွဲစဉ်ကိုမေလ၁၃ရက်နေ့တွင်ကစားရမှာဖြစ်လို့သုံးရက်အတွင်းတွင်နှစ်ပွဲကစားရတော့မှာဖြစ်ပါတယ်။

မန်ယူနှင့်လီဗာပူးပွဲကိုပြီးခဲ့တဲ့တနင်္ဂနွေနေ့ကကစားရမှာဖြစ်ပေမယ့်ရာပေါင်းများစွာသောမန်ယူပရိသတ်များဟာအိုးထရက်ဖို့ဒ်ကွင်းတွင်း/ကွင်းပြင်တွင်အသင်းပိုင်ရှင်ဂလေဇာမိသားစုကိုသပိတ်မှောက်ဆန္ဒပြမှုနှင့်အတူပွဲကိုရွှေ့ဆိုင်းခဲ့ရပါတယ်။

ယခုအခါအင်္ဂလန်ရဲ့အစဉ်အလာကြီးမားတဲ့မဟာပြိုင်ဘက်အသင်းနှစ်သင်းရဲ့ပွဲစဉ်ကိုလာမယ့်အပတ်ကြာသပတေးနေ့တွင်ကစားရန်စီစဉ်လိုက်ပြီဖြစ်ပြီးယင်းပွဲကိုSky Sports မှတိုက်ရိုက်ထုတ်လွှင့်ပြသသွားပါမယ်။

မန်ယူဟာမေလ၁၃ရက်နေ့လီဗာပူးနှင့်ပွဲစဉ်မတိုင်မီမေလ၁၁ရက်နေ့တွင်လက်စတာနှင့်အိမ်ကွင်းပွဲစဉ်ကစားရန်ရှိနေပါတယ်။ယင်းသို့အနေအထားကြောင့်မန်ယူအနေဖြင့်သုံးရက်အတွင်းတွင်ပရီးမီးယားလိဂ်ပွဲ၂ပွဲကစားရပါမယ်။အခြားတစ်ဖက်တွင်မန်ယူဟာယနေ့ညတွင်ရိုးမားနှင့်ယူရိုပါလိဂ်ပွဲစဉ်လည်းကစားရမှာဖြစ်လို့တစ်ပတ်အတွင်းတွင်ပွဲ၄ပွဲအထိကစားရမှာဖြစ်ပါတယ်။မန်ယူဟာရိုးမားနှင့်ပွဲအပြီးလာမယ့်တနင်္ဂနွေနေ့မှာဗီလာနှင့်ပရီးမီးယားလိဂ်ပွဲယှဉ်ပြိုင်ကစားရပါမယ်။

 

zawgyi

မန္ယူ-လီဗာပူးပြဲကို ေမလ ၁၃ ရက္ေန႔တြင္ျပန္ကစားမည္

မန္ယူရဲ႕လီဗာပူးႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္ကိုလာမယ့္ေမလ၁၃ရက္ေန႔ၾကာသပေတးေန႔တြင္ကစားသြားမွာျဖစ္ေၾကာင္းသိရပါတယ္။ၿပီးခဲ့တဲ့အပတ္ကစားရန္စီစဥ္ထားတဲ့မန္ယူႏွင့္လီဗာပူးပြဲစဥ္မွာမန္ယူပရိသတ္မ်ားရဲ႕အႀကီးအက်ယ္ဆႏၵျပမႈေၾကာင့္ေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။မန္ယူဟာလီဗာပူးႏွင့္ပြဲစဥ္ကိုေမလ၁၃ရက္ေန႔တြင္ကစားရမွာျဖစ္လို႔သုံးရက္အတြင္းတြင္ႏွစ္ပြဲကစားရေတာ့မွာျဖစ္ပါတယ္။

မန္ယူႏွင့္လီဗာပူးပြဲကိုၿပီးခဲ့တဲ့တနဂၤေႏြေန႔ကကစားရမွာျဖစ္ေပမယ့္ရာေပါင္းမ်ားစြာေသာမန္ယူပရိသတ္မ်ားဟာအိုးထရက္ဖို႔ဒ္ကြင္းတြင္း/ကြင္းျပင္တြင္အသင္းပိုင္ရွင္ဂေလဇာမိသားစုကိုသပိတ္ေမွာက္ဆႏၵျပမႈႏွင့္အတူပြဲကိုေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။

ယခုအခါအဂၤလန္ရဲ႕အစဥ္အလာႀကီးမားတဲ့မဟာၿပိဳင္ဘက္အသင္းႏွစ္သင္းရဲ႕ပြဲစဥ္ကိုလာမယ့္အပတ္ၾကာသပေတးေန႔တြင္ကစားရန္စီစဥ္လိုက္ၿပီျဖစ္ၿပီးယင္းပြဲကိုSky Sports မွတိုက္႐ိုက္ထုတ္လႊင့္ျပသသြားပါမယ္။

မန္ယူဟာေမလ၁၃ရက္ေန႔လီဗာပူးႏွင့္ပြဲစဥ္မတိုင္မီေမလ၁၁ရက္ေန႔တြင္လက္စတာႏွင့္အိမ္ကြင္းပြဲစဥ္ကစားရန္ရွိေနပါတယ္။ယင္းသို႔အေနအထားေၾကာင့္မန္ယူအေနျဖင့္သုံးရက္အတြင္းတြင္ပရီးမီးယားလိဂ္ပြဲ၂ပြဲကစားရပါမယ္။အျခားတစ္ဖက္တြင္မန္ယူဟာယေန႔ညတြင္႐ိုးမားႏွင့္ယူ႐ိုပါလိဂ္ပြဲစဥ္လည္းကစားရမွာျဖစ္လို႔တစ္ပတ္အတြင္းတြင္ပြဲ၄ပြဲအထိကစားရမွာျဖစ္ပါတယ္။မန္ယူဟာ႐ိုးမားႏွင့္ပြဲအၿပီးလာမယ့္တနဂၤေႏြေန႔မွာဗီလာႏွင့္ပရီးမီးယားလိဂ္ပြဲယွဥ္ၿပိဳင္ကစားရပါမယ္။