မန်ယူမှထွက်ခွာရမယ့်တိုက်စစ်သမားသုံးဦးကို ဂယ်ရီနဗီးလ်ပြောကြားလာ

ဂယ်ရီနဗီးလ်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာမန်ယူအသင်းခေါ်ယူသင့်တဲ့ကစားသမားသုံးဦးနှင့်အိုးထရက်ဖို့ဒ်မှထွက်ခွာဖို့လိုအပ်နေတဲ့ကစားသမားသုံးဦးတို့ကိုပြောကြားလာပါတယ်။

ဂယ်ရီနဗီးလ်ကဂျာဒွန်ဆန်ချိုမှာလာမယ့်နွေရာသီတွင်မန်ယူသို့ရောက်ရှိလာတော့မှာဖြစ်ကြောင်း၊ဒါ့အပြင်ဟယ်ရီကိန်း(သို့မဟုတ်)အာလင်းဟာလန်းမှာအိုးထရက်ဖို့ဒ်သို့ခေါ်ဆောင်သင့်ကြောင်းပြောကြားသွားပါတယ်။

ဒါ့အပြင်မန်ယူဂန္ထဝင်နောက်ခံလူဟာမန်ယူမှထွက်ခွာသင့်တဲ့တိုက်စစ်သမားသုံးဦးကိုလည်းပြောကြားသွားပါတယ်။ဂယ်ရီနဗီးလ်ပြောကြားလာတဲ့ကစားသမားတွေထဲမှာဗန်ဒီဘိခ်ပါဝင်ခြင်းမရှိပါဘူး။ဒွန်နီဗန်ဒီဘိခ်ကိုပိုမိုအချိန်ပေးသင့်ကြောင်းဆိုသွားပါတယ်။

ဂယ်ရီနဗီးလ်က “ကလပ်အတွက်စိတ်လှုပ်ရှားစရာကောင်းအောင်လုပ်ဆောင်ခဲ့တဲ့ဂျူအန်မာတာထွက်ခွာဖို့လိုပါတယ်။ပြီးတော့ဒါနီရယ်ဂျိမ်းစ်ကိုလည်းငွေကောင်းကောင်းရရင်ရောင်းသင့်တယ်။သူကိုယ်တိုင်ကလည်းအခြားတစ်နေရာသို့သွားသင့်တယ်။ပြီးတော့ဝက်စ်ဟမ်းမှာကောင်းကောင်းလုပ်နေတဲ့ဂျက်စီလင်ဂတ်နဲ့ပတ်သက်ပြီးတော့လည်းခံစားချက်ရှိတယ်။ဒါပေမယ့်ကျွန်တော်ကတော့အိုလီ(ဆိုးလ်ရှား)အနေနဲ့သူ့ကိုထွက်ခွာခွင့်ပေးသင့်တယ်လို့ထင်တယ်။ဂျက်စီလင်ဂတ်ကိုရောင်းပြီးငွေရှာသင့်တယ်”လို့ပြောကြားသွားပါတယ်။

ဂယ်ရီနဗီးလ်ကမန်ယူအနေဖြင့်မာတာ၊လင်ဂတ်၊ဂျိမ်းစ်တို့နေရာတွင်အစားထိုးမယ့်ကစားသမားခေါ်ယူရန်မလိုအပ်ကြောင်းလည်းပြောကြားသွားပါတယ်။

ဆက်လက်ပြီးဂယ်ရီနဗီးလ်ကဒတ်ချ်အလယ်တန်းကစားသမားဗန်ဒီဘိခ်ကိုလာမယ့်ဘောလုံးရာသီအထိဆက်ထိန်းကာအခွင့်အရေးပေးသင့်ကြောင်းလည်းဆိုသွားပါတယ်။

zawgyi

မန္ယူမွထြက္ခြာရမယ့္တိုက္စစ္သမားသုံးဦးကို ဂယ္ရီနဗီးလ္ေျပာၾကားလာ

ဂယ္ရီနဗီးလ္ဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာမန္ယူအသင္းေခၚယူသင့္တဲ့ကစားသမားသုံးဦးႏွင့္အိုးထရက္ဖို႔ဒ္မွထြက္ခြာဖို႔လိုအပ္ေနတဲ့ကစားသမားသုံးဦးတို႔ကိုေျပာၾကားလာပါတယ္။

ဂယ္ရီနဗီးလ္ကဂ်ာဒြန္ဆန္ခ်ိဳမွာလာမယ့္ေႏြရာသီတြင္မန္ယူသို႔ေရာက္ရွိလာေတာ့မွာျဖစ္ေၾကာင္း၊ဒါ့အျပင္ဟယ္ရီကိန္း(သို႔မဟုတ္)အာလင္းဟာလန္းမွာအိုးထရက္ဖို႔ဒ္သို႔ေခၚေဆာင္သင့္ေၾကာင္းေျပာၾကားသြားပါတယ္။

ဒါ့အျပင္မန္ယူဂႏၴဝင္ေနာက္ခံလူဟာမန္ယူမွထြက္ခြာသင့္တဲ့တိုက္စစ္သမားသုံးဦးကိုလည္းေျပာၾကားသြားပါတယ္။ဂယ္ရီနဗီးလ္ေျပာၾကားလာတဲ့ကစားသမားေတြထဲမွာဗန္ဒီဘိခ္ပါဝင္ျခင္းမရွိပါဘူး။ဒြန္နီဗန္ဒီဘိခ္ကိုပိုမိုအခ်ိန္ေပးသင့္ေၾကာင္းဆိုသြားပါတယ္။

ဂယ္ရီနဗီးလ္က “ကလပ္အတြက္စိတ္လႈပ္ရွားစရာေကာင္းေအာင္လုပ္ေဆာင္ခဲ့တဲ့ဂ်ဴအန္မာတာထြက္ခြာဖို႔လိုပါတယ္။ၿပီးေတာ့ဒါနီရယ္ဂ်ိမ္းစ္ကိုလည္းေငြေကာင္းေကာင္းရရင္ေရာင္းသင့္တယ္။သူကိုယ္တိုင္ကလည္းအျခားတစ္ေနရာသို႔သြားသင့္တယ္။ၿပီးေတာ့ဝက္စ္ဟမ္းမွာေကာင္းေကာင္းလုပ္ေနတဲ့ဂ်က္စီလင္ဂတ္နဲ႔ပတ္သက္ၿပီးေတာ့လည္းခံစားခ်က္ရွိတယ္။ဒါေပမယ့္ကြၽန္ေတာ္ကေတာ့အိုလီ(ဆိုးလ္ရွား)အေနနဲ႔သူ႔ကိုထြက္ခြာခြင့္ေပးသင့္တယ္လို႔ထင္တယ္။ဂ်က္စီလင္ဂတ္ကိုေရာင္းၿပီးေငြရွာသင့္တယ္”လို႔ေျပာၾကားသြားပါတယ္။

ဂယ္ရီနဗီးလ္ကမန္ယူအေနျဖင့္မာတာ၊လင္ဂတ္၊ဂ်ိမ္းစ္တို႔ေနရာတြင္အစားထိုးမယ့္ကစားသမားေခၚယူရန္မလိုအပ္ေၾကာင္းလည္းေျပာၾကားသြားပါတယ္။

ဆက္လက္ၿပီးဂယ္ရီနဗီးလ္ကဒတ္ခ်္အလယ္တန္းကစားသမားဗန္ဒီဘိခ္ကိုလာမယ့္ေဘာလုံးရာသီအထိဆက္ထိန္းကာအခြင့္အေရးေပးသင့္ေၾကာင္းလည္းဆိုသြားပါတယ္။