လာခြင်းကောင်းမယ့် စီရော်နယ်ဒို

စနေည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၄ ပွဲကြိုသုံးသပ်ချက်

မန်ယူ နှင့် နယူးကာဆယ် (ည ၈း၃၀)(စိုင်းကို တောင်ကြီး)

စီရော်နယ်ဒိုရောက်လာလို့ ချက်ချင်းကြီးမတိုးတက်ဘူးဆိုရင်တောင်မှပါရမီရှင်ကစားသမားဖြစ်လို့ မန်ယူတိုက်စစ်အနည်းနဲ့အများတော့အားကောင်းလာမှာပါ။

နဂိုကတည်းကလည်းမန်ယူတိုက်စစ်ကအိမ်ကွင်းဆိုရင်ထက်မြက်လွန်းလို့ လာခြင်းကောင်းမယ့် ရော်နယ်ဒိုဆိုပြီးအကွက်ခင်းထားသလားတောင်ထင်ရတယ်။

နယူးကာဆယ်ဆိုတာကခံစစ်ယိုယွင်းလွန်းတဲ့အသင်းဖြစ်လို့ မန်ယူတိုက်စစ်ထိုးဖောက်အားကို ပွဲချိန်ပြည့်ထိန်းချုပ်နိုင်စွမ်းမရှိလောက်ဘူး။မန်ယူရဲ့ဂိုးပြတ်အောင်ပွဲကိုရှုစားရင်း လာခြင်းကောင်းတဲ့ဒိုလေးလို့ ဟစ်ကြွေးလိုက်ပါ။

zawgyi




