
တနင်္ဂနွေည ကာရာဘောင်းဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
မန်ယူ နှင့် နယူးကာဆယ်(ည ၁၁း၀၀)(မော်ကွန်း)
အိုးလ်ထရက်ဖို့ဒ်မှာဘာစီလိုနာကိုရှုံးနေရာကနေပြန်နိုင်ခဲ့ပြီးနောက်သရဲနီတို့ဟာပြိုင်ပွဲအရပ်ရပ်နောက်ဆုံးပွဲ ၂၀ မှာ ၁၆ ပွဲအနိုင်ရခဲ့တာပါ။တန်ဟက်ရဲ့အ သင်းဟာဥရောပထိပ်တန်းလိဂ် ၅ ရပ်ထဲမှာ ဖလား ၄ လုံးလမ်းကြောင်းပေါ်ရှိနေတဲ့တစ်သင်းတည်းသောအသင်းလည်းဖြစ်ပါတယ်။ငှက်ကျားတွေက တော့ဗိုလ်လုပွဲနီးမှခြေစွမ်းကျသွားပြီး ပြီးခဲ့တဲ့အပတ်ကအိမ်ကွင်းမှာပဲလီဗာပူးကို ၂ ဂိုးပြတ်နဲ့ ဒူးထောက်ခဲ့ရပါတယ်။
အက်ဒီဟိုဝီရဲ့အသင်းမှာပထမဂိုးသမားနစ်ခ်ပုပ်ပွဲပယ်ထိထားသလိုဒုတိယဂိုးသမားဒူဘရက်ကာကလည်း cup-tied မိထားလို့တတိယဂိုးသမားဖြစ်တဲ့ လီဗာပူဂိုးသမားဟောင်းကာရီယက်စ်ပွဲထွက်လာနိုင်တာပါ။၆ နှစ်ကြာဖလားလက်မဲ့ဖြစ်မှုကိုအဆုံးသတ်မယ့်သရဲနီတို့ကိုအားပေးလိုက်ကြရအောင်။
zawgyi