သရဲခြောက်သံကြား ဒူးထောက်ပြိုလဲသွားစေရမယ်

ကြာသပတေးည ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

မန်ယူ နှင့် ရိုးမား (ည ၁း၃၀)(မြန်မာပြည်ဂုရု)

မန်ယူရဲ့ခြေစွမ်းကမာကျောထက်မြက်လွန်းနေပြီးခံစစ်နဲ့ ကွင်းလယ်ပိုင်းလိုရင်လိုသလိုခပ်မာမာကစားနိုင်စွမ်းရှိတယ်ဆိုတာလိဒ်ကိုဂိုးမရှိသရေကစားပြီး ပြသသွားတယ်။

မန်ယူရဲ့ဒီရာသီ ယူရိုပါလိဂ်ရလဒ်တွေကို ကြည့်လိုက်တော့ စုစုပေါင်း ၆ပွဲမှာ ပေးဂိုးစုစုပေါင်းတစ်ဂိုးတည်းသာရှိထားခဲ့တာတွေ့ရတယ်။မန်ယူတိုက်စစ်ကတော့ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်တို့ အတွဲအဖက်မိမှုနဲ့အတူဂိုးသွင်းအားထက်မြက်လွန်းနေတယ်။

ရိုးမားကတော့မာယိုရယ်၊ ဒီဇီကိုတို့ရဲ့တိုက်စစ်ပိုင်းဂိုးမြူးပေမယ့်ခံစစ်ပိုင်းအမှားများလွန်းတဲ့အသင်းပါ။ရိုးမားရဲ့ခံစစ်အမှားကမန်ယူတိုက်စစ်ကို အကြိုက် တွေ့စေပါလိမ့်မယ်။

ဒါကြောင့်လည်းမန်ယူဘက်ကနေတစ်ဂိုးသရေအထိအကျောပေးထားရတာပါ။အနိုင်ရဖို့ သေချာနေလွန်းတာကြောင့်မန်ယူကိုရွေးချယ်ရမယ်။သရဲခြောက်သံကြားရောမသားတွေ ဒူးထောက်ပြိုလဲသွားကြဖို့သေချာပါတယ်။

zawgyi




