
မန်ချက်စတာယူနိုက်တက်ပရိသတ်များဟာမနေ့ညတုန်းကဆောက်သမ်တန်နှင့်ပွဲတွင်လက်ထိဘောတစ်ခုအတွက်ပင်နယ်တီမရရှိခဲ့မှုအပေါ်အကြီးအ ကျယ်ဒေါသထွက်ခဲ့ကြပါတယ်။
မနေ့ညကအိုးထရက်ဖို့ဒ်ပွဲစဉ်တွင်ယူနိုက်တက်ဟာဆောက်သမ်တန်ကိုကက်စ်မီရိုအနီကတ်ပြထုတ်ပယ်ခံရလို့တစ်ယောက်အလျှော့ဖြင့်ကစားသွားခဲ့ရပါတယ်။
ပထမပိုင်းပြီးဖို့၄မိနစ်အလိုတွင်မားကပ်စ်ရက်ဖို့ဒ်ကဘယ်ခြမ်းမှဖြတ်တင်ဘောပြုလုပ်ခဲ့ပါတယ်။ယင်းကိုဆောက်သမ်တန်နောက်ခံလူအာမယ်ဘယ်လာကော့ချက်ကဘောလုံးကိုလက်ထိထိန်းမှုပြုလုပ်ခဲ့ပါတယ်။
အနှေးပြကွက်အရဘောလုံးဟာဗဟိုနောက်ခံလူရဲ့လက်ကိုရှင်းလင်းစွာထိခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့ဒိုင်လူကြီးအန်တိုနီတေလာကပင်နယ်တီပေးရန်ငြင်းခဲ့ပြီးဆက်ကစားစေခဲ့ပါတယ်။
ဒါ့အပြင်ယင်းဖြစ်ရပ်ကိုVAR ကလည်းစစ်ဆေးပြီးနောက်ပင်နယ်တီမပေးခဲ့ပြန်ပါဘူး။
ဒါကြောင့်လည်းယူနိုက်တက်ပရိသတ်များဟာပင်နယ်တီမရရှိမှုအတွက်အွန်လိုင်းတွင်ပေါက်ကွဲလျက်ရှိနေကြပါတယ်။
ယူနိုက်တက်ပရိသတ်တစ်ဦးက “အခုခေတ်မှာဒါမျိုးကိုလက်ထိဘောအဖြစ်မသတ်မှတ်တော့ဘူးလား”လို့ပြောကြားသွားပါတယ်။
အခြားတစ်ဦးကလည်း “တကယ်လို့ကျုပ်တို့ကစားသမားသာဧရိယာထဲမှာလက်ထိဘောဖြစ်ကြည့်လိုက်။အန်တိုနီတေလာဟာချက်ချင်းပဲမဆိုင်းမတွပင်နယ်တီပေးလိမ့်မယ်”လို့ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း “လုံးဝလက်ထိဘောပဲ။ဒီလက်ထိဘောကဝက်ဟော့စ်ဂိုးသွင်းနိုင်မဲ့အခွင့်အရေးကိုလည်းတားလိုက်သေးတယ်။VAR ကလည်းအသုံးကိုမကျဘူး”လို့ဆိုသွားပါတယ်။
မနေ့ညတုန်းကဆောက်သမ်တန်နှင့်ပွဲတွင်ယူနိုက်တက်ဟာပွဲချိန်၃၄မိနစ်မှာကက်စ်မီရိုအနီကတ်ပြထုတ်ပယ်ခံရလို့တစ်ယောက်အလျှော့နဲ့ကစားခဲ့ရပါတယ်။ဘရာဇီးစတားဟာကားလို့အယ်ကာရက်ဇ်ကိုဘောလုံးဖျက်ထုတ်ရာမှာဘောလုံးကိုထိခဲ့ပေမဲ့လည်းလူကိုပါခွာဖြင့်ကြမ်းတမ်းစွာထိသွားခဲ့ပါတယ်။
အန်တိုနီတေလာဟာအစောပိုင်းတွင်ကက်စ်မီရိုကိုအဝါကတ်သာပြပေမဲ့လည်းVAR ကမော်နီတာတွင်စစ်ဆေးရန်ပြောကြားခြင်းခံရပြီးနောက်အနီကတ် သို့ပြောင်းပြခဲ့ပါတယ်။
ZawGyi
ေဆာက္သမ္တန္ႏွင့္ပြဲတြင္ ရွင္းလင္းတဲ့လက္ထိေဘာအတြက္ ပင္နယ္တီမရရွိအေပၚ ယူႏိုက္တက္ပရိသတ္မ်ား ေပါက္ကြဲ
မန္ခ်က္စတာယူႏိုက္တက္ပရိသတ္မ်ားဟာမေန႔ညတုန္းကေဆာက္သမ္တန္ႏွင့္ပြဲတြင္လက္ထိေဘာတစ္ခုအတြက္ပင္နယ္တီမရရွိခဲ့မႈအေပၚအႀကီးအက်ယ္ေဒါသထြက္ခဲ့ၾကပါတယ္။
မေန႔ညကအိုးထရက္ဖို႔ဒ္ပြဲစဥ္တြင္ယူႏိုက္တက္ဟာေဆာက္သမ္တန္ကိုကက္စ္မီ႐ိုအနီကတ္ျပထုတ္ပယ္ခံရလို႔တစ္ေယာက္အေလွ်ာ့ျဖင့္ကစားသြားခဲ့ရပါတယ္။
ပထမပိုင္းၿပီးဖို႔၄မိနစ္အလိုတြင္မားကပ္စ္ရက္ဖို႔ဒ္ကဘယ္ျခမ္းမွျဖတ္တင္ေဘာျပဳလုပ္ခဲ့ပါတယ္။ယင္းကိုေဆာက္သမ္တန္ေနာက္ခံလူအာမယ္ဘယ္လာေကာ့ခ်က္ကေဘာလုံးကိုလက္ထိထိန္းမႈျပဳလုပ္ခဲ့ပါတယ္။
အေႏွးျပကြက္အရေဘာလုံးဟာဗဟိုေနာက္ခံလူရဲ႕လက္ကိုရွင္းလင္းစြာထိခဲ့တာေတြ႕ရပါတယ္။ဒါေပမဲ့ဒိုင္လူႀကီးအန္တိုနီေတလာကပင္နယ္တီေပးရန္ျငင္းခဲ့ၿပီးဆက္ကစားေစခဲ့ပါတယ္။
ဒါ့အျပင္ယင္းျဖစ္ရပ္ကိုVAR ကလည္းစစ္ေဆးၿပီးေနာက္ပင္နယ္တီမေပးခဲ့ျပန္ပါဘူး။
ဒါေၾကာင့္လည္းယူႏိုက္တက္ပရိသတ္မ်ားဟာပင္နယ္တီမရရွိမႈအတြက္အြန္လိုင္းတြင္ေပါက္ကြဲလ်က္ရွိေနၾကပါတယ္။
ယူႏိုက္တက္ပရိသတ္တစ္ဦးက “အခုေခတ္မွာဒါမ်ိဳးကိုလက္ထိေဘာအျဖစ္မသတ္မွတ္ေတာ့ဘူးလား”လို႔ေျပာၾကားသြားပါတယ္။
အျခားတစ္ဦးကလည္း “တကယ္လို႔က်ဳပ္တို႔ကစားသမားသာဧရိယာထဲမွာလက္ထိေဘာျဖစ္ၾကည့္လိုက္။အန္တိုနီေတလာဟာခ်က္ခ်င္းပဲမဆိုင္းမတြပင္နယ္တီေပးလိမ့္မယ္”လို႔ဆိုသြားပါတယ္။
အျခားတစ္ဦးကလည္း “လုံးဝလက္ထိေဘာပဲ။ဒီလက္ထိေဘာကဝက္ေဟာ့စ္ဂိုးသြင္းႏိုင္မဲ့အခြင့္အေရးကိုလည္းတားလိုက္ေသးတယ္။VAR ကလည္းအသုံးကိုမက်ဘူး”လို႔ဆိုသြားပါတယ္။
မေန႔ညတုန္းကေဆာက္သမ္တန္ႏွင့္ပြဲတြင္ယူႏိုက္တက္ဟာပြဲခ်ိန္၃၄မိနစ္မွာကက္စ္မီ႐ိုအနီကတ္ျပထုတ္ပယ္ခံရလို႔တစ္ေယာက္အေလွ်ာ့နဲ႔ကစားခဲ့ရပါတယ္။ဘရာဇီးစတားဟာကားလို႔အယ္ကာရက္ဇ္ကိုေဘာလုံးဖ်က္ထုတ္ရာမွာေဘာလုံးကိုထိခဲ့ေပမဲ့လည္းလူကိုပါခြာျဖင့္ၾကမ္းတမ္းစြာထိသြားခဲ့ပါတယ္။
အန္တိုနီေတလာဟာအေစာပိုင္းတြင္ကက္စ္မီ႐ိုကိုအဝါကတ္သာျပေပမဲ့လည္းVAR ကေမာ္နီတာတြင္စစ္ေဆးရန္ေျပာၾကားျခင္းခံရၿပီးေနာက္ အနီကတ္သို႔ေျပာင္းျပခဲ့ပါတယ္။