မန်ယူ(သို့မဟုတ််)စပို့တင်းလစ်စဘွန်းသို့ပြောင်းရန်ရော်နယ်ဒိုရေပန်းစားနေ

မနေ့တုန်းကခရစ္စတီယာနိုရော်နယ်ဒိုရဲ့မိခင်ကသားဖြစ်သူကိုအသင်းဟောင်းစပို့တင်းလစ္စဘွန်းသို့ပြန်လည်ပြောင်းရွှေ့ရေးအတွက်ဖျောင်းဖျပြောဆိုမှုပြုလုပ်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာယခုရာသီမှာစီးရီးအေ၃၂ပွဲကစားထားရာမှာ၂၈ဂိုးသွင်းယူပြီးထိပ်တန်းခြေစွမ်းဆက်လက်ပြသနေဆဲဖြစ်ပါတယ်။ဒါပေမယ့်ပီယာလိုဦးဆောင်တဲ့ဂျူဗင်တပ်ဟာချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးရနိုင်တဲ့အနေအထားမှာရှိနေသလိုရော်နယ်ဒိုမှာလည်းတစ်နှစ်စာချုပ်သာကျန်ပါတော့တယ်။

မကြာသေးမီတုန်းကခရစ္စတီယာနိုရော်နယ်ဒိုရဲ့မိခင်ဖြစ်သူကသားဖြစ်သူကိုပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ရာနေရာသို့ပြန်လည်ပြောင်းရေးအတွက်ပြောဆိုမယ်လို့ဆိုသွားခဲ့ပါတယ်။

လက်ရှိအနေအထားအရခရစ်စတီယာနိုရော်နယ်ဒိုဟာလာမယ့်နွေရာသီအပြောင်းအရွှေ့မှာဂျူဗင်တပ်မှထွက်ခွာမယ်လို့ယူဆရပြီးသူထွက်ခွာရေးနဲ့ပတ်သက်ပြီးလောင်းကြေးဖွင့်လာပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူသို့ရောက်ရေးမယ်လို့၇/၄ဖြင့်ဖွင့်လှစ်ခြင်းခံရကာပီအက်စ်ဂျီက၅/၂ဖြင့်ဒုတိယနေရာမှာရပ်တည်နေပါတယ်။အသင်းဟောင်းရီးရဲလ်မက်ဒရစ်သို့ပြောင်းရေးအတွက်၅/၁ဖြင့်ရေပန်းစားနေပြီးစပို့တင်းလစ္စဘွန်းက၆/၁ဖြင့်ရေပန်းစားနေပါတယ်။၎င်းတို့ရဲ့နောက်မှာဘိုင်ယန်မြူးနစ်(၁၇/၂)၊အင်တာမီယာမီ(၁၀/၁)၊အယ်လ်အေဂလက်ဆီ(၁၀/၁)၊မန်စီးတီး(၁၄/၁)၊တရုတ်ကလပ်များ(၁၄/၁)ဖြင့်ရေပန်းစားနေပါတယ်။

zawgyi

မန္ယူ(သို႔မဟုတ္္)စပို႔တင္းလစ္စဘြန္းသို႔ေျပာင္းရန္ေရာ္နယ္ဒိုေရပန္းစားေန

မေန႔တုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မိခင္ကသားျဖစ္သူကိုအသင္းေဟာင္းစပို႔တင္းလစၥဘြန္းသို႔ျပန္လည္ေျပာင္းေ႐ႊ႕ေရးအတြက္ေဖ်ာင္းဖ်ေျပာဆိုမႈျပဳလုပ္သြားမွာျဖစ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုရာသီမွာစီးရီးေအ၃၂ပြဲကစားထားရာမွာ၂၈ဂိုးသြင္းယူၿပီးထိပ္တန္းေျခစြမ္းဆက္လက္ျပသေနဆဲျဖစ္ပါတယ္။ဒါေပမယ့္ပီယာလိုဦးေဆာင္တဲ့ဂ်ဴဗင္တပ္ဟာခ်န္ပီယံလိဂ္ဝင္ခြင့္ဆုံးရႈံးရႏိုင္တဲ့အေနအထားမွာရွိေနသလိုေရာ္နယ္ဒိုမွာလည္းတစ္ႏွစ္စာခ်ဳပ္သာက်န္ပါေတာ့တယ္။

မၾကာေသးမီတုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မိခင္ျဖစ္သူကသားျဖစ္သူကိုပေရာ္ဖက္ရွင္နယ္ကစားသမားဘဝစတင္ရာေနရာသို႔ျပန္လည္ေျပာင္းေရးအတြက္ေျပာဆိုမယ္လို႔ဆိုသြားခဲ့ပါတယ္။

လက္ရွိအေနအထားအရခရစ္စတီယာႏိုေရာ္နယ္ဒိုဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕မွာဂ်ဴဗင္တပ္မွထြက္ခြာမယ္လို႔ယူဆရၿပီးသူထြက္ခြာေရးနဲ႔ပတ္သက္ၿပီးေလာင္းေၾကးဖြင့္လာၿပီျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူသို႔ေရာက္ေရးမယ္လို႔၇/၄ျဖင့္ဖြင့္လွစ္ျခင္းခံရကာပီအက္စ္ဂ်ီက၅/၂ျဖင့္ဒုတိယေနရာမွာရပ္တည္ေနပါတယ္။အသင္းေဟာင္းရီးရဲလ္မက္ဒရစ္သို႔ေျပာင္းေရးအတြက္၅/၁ျဖင့္ေရပန္းစားေနၿပီးစပို႔တင္းလစၥဘြန္းက၆/၁ျဖင့္ေရပန္းစားေနပါတယ္။၎တို႔ရဲ႕ေနာက္မွာဘိုင္ယန္ျမဴးနစ္(၁၇/၂)၊အင္တာမီယာမီ(၁၀/၁)၊အယ္လ္ေအဂလက္ဆီ(၁၀/၁)၊မန္စီးတီး(၁၄/၁)၊တ႐ုတ္ကလပ္မ်ား(၁၄/၁)ျဖင့္ေရပန္းစားေနပါတယ္။