အိုးလ်ထရက်ဖို့ဒ်ဥယျာဉ်ကြီးမှာ သွင်းဂိုးရနံ့တွေ သင်းပျံ့မွေးကြိုင်နေလေရဲ့

ဗုဒ္ဓဟူးည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၁၁ ပွဲကြိုသုံးသပ်ချက်

မန်ယူ နှင့် စပါး(ည ၁း၄၅)(စိုင်းကိုတောင်ကြီး)

အိုးလ်ထရက်ဖို့ဒ်မှာနောက်ဆုံးကန်ခဲ့တဲ့ကာဆယ်နဲ့ဂိုးမရှိသရေပွဲတုန်းကသရဲနီတို့ရဲ့အဆုံးသတ်ပိုင်းဟာအတော်လေးပြောစရာဖြစ်သွားတယ်။ဒါပေမဲ့လည်းတန်ဟက်ရဲ့အသင်းဟာဒီရာသီအိမ်ကွင်းမှာဂိုးမသွင်းနိုင်တာဆိုလို့ အဲဒီတစ်ပွဲသာရှိခဲ့တာပါ။ တစ်ဖက်မှာစပါးကလည်းအဝေးကွင်းဆိုအိမ်ကွင်းစိတ်ချရမှုရဲ့တစ်၀က်တောင်မရှိတာပါ။

တစ်ခုရှိတာကကွန်တီရဲ့အသင်းဟာပရီးမီးယားလိဂ်ကမန်ယူနဲ့တွေ့ဆုံမှုတွေမှာအခြေအနေမကောင်းတတ်ပေမယ့်အမြဲလိုတော့ဂိုးရနေတတ်တယ်။အိုးလ်ထရက်ဖို့ဒ်ဥယျာဉ်ကြီးမှာသွင်းဂိုးရနံ့တွေသင်းပျံ့မွေးကြိုင်နေလေရဲ့။

zawgyi

အိုးလ္ထရက္ဖို႔ဒ္ဥယ်ာဥ္ႀကီးမွာ သြင္းဂိုးရနံ႔ေတြ သင္းပ်ံ႕ေမြးႀကိဳင္ေနေလရဲ႕

ဗုဒၶဟူးည အဂၤလန္ပရီးမီးယားလိဂ္ပြဲစဥ္-၁၁ ပြဲႀကိဳသုံးသပ္ခ်က္

မန္ယူ ႏွင့္ စပါး(ည ၁း၄၅)(စိုင္းကိုေတာင္ႀကီး)

အိုးလ္ထရက္ဖို႔ဒ္မွာ ေနာက္ဆုံးကန္ခဲ့တဲ့ ကာဆယ္နဲ႔ဂိုးမရွိသေရပြဲတုန္းက သရဲနီတို႔ရဲ႕အဆုံးသတ္ပိုင္းဟာ အေတာ္ေလးေျပာစရာျဖစ္သြားတယ္။ဒါေပမဲ့လည္း တန္ဟက္ရဲ႕အသင္းဟာ ဒီရာသီအိမ္ကြင္းမွာ ဂိုးမသြင္းႏိုင္တာဆိုလို႔ အဲဒီတစ္ပြဲသာ ရွိခဲ့တာပါ။ တစ္ဖက္မွာ စပါးကလည္း အေဝးကြင္းဆို အိမ္ကြင္းစိတ္ခ်ရမႈရဲ႕တစ္၀က္ေတာင္ မရွိတာပါ။

တစ္ခုရွိတာက ကြန္တီရဲ႕အသင္းဟာ ပရီးမီးယားလိဂ္က မန္ယူနဲ႔ေတြ႕ဆုံမႈေတြမွာ အေျခအေနမေကာင္းတတ္ေပမယ့္ အၿမဲလိုေတာ့ ဂိုးရေနတတ္တယ္။အိုးလ္ထရက္ဖို႔ဒ္ဥယ်ာဥ္ႀကီးမွာ သြင္းဂိုးရနံ႔ေတြ သင္းပ်ံ႕ေမြးႀကိဳင္ေနေလရဲ႕။