မန်ယူရဲ့အကြီးကျယ်ဆုံးတိုက်စစ်မှူးငါးဦး
ပရီးမီးယားလိဂ်အဖြစ်အမည်ပြောင်းလဲအသုံးပြုလာပြီးနောက်မန်ယူသမိုင်းတွင်အကြီးကျယ်ဆုံးတိုက်စစ်မှူးငါးဦးစာရင်းထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ဒတ်ချ်တိုက်စစ်မှူးရုဒ်ဗန်နစ္စတယ်ရွိုင်းဟာရောဘင်ဗန်ပါစီ၊ဝိန်းရွန်းနီတို့အားကျော်ဖြတ်ကာပရီးမီးယားလိဂ်ခေတ်တွင်မန်ယူရဲ့အကောင်းဆုံးတိုက်စစ်မှူးအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။
အသက်၄၄နှစ်ရှိဂန္ထဝင်တိုက်စစ်မှူးဟာ၂၀၀၁ခုနှစ်တွင်အိုးထရက်ဖို့ဒ်သို့ထိုစဉ်ကဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၁၉သန်းဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။
နစ္စတယ်ရွိုင်းကိုဆာအဲလက်စ်ဖာဂူဆန်ကပီအက်စ်ဗွီမှပြောင်းလာခဲ့တာဖြစ်ပါတယ်။သူဟာမန်ယူတွင်ကစားတဲ့ငါးရာသီအတွင်းတွင်၂၁၉ပွဲကစားရာမှာဂိုး၁၅၀သွင်းယူနိုင်ခဲ့ပါတယ်။
သူဟာ၂၀၀၆ခုနှစ်တွင်နည်းပြဆာအဲလက်စ်ဖာဂူဆန်နဲ့အဆင်မပြေဖြစ်ပြီးနောက်ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ခဲ့ရပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာကတော့ရော်ဘင်ဗန်ပါစီဟာဝိန်းရွန်းနီကိုကျော်ဖြတ်ပြီးပရီးမီးယားလိဂ်ခေတ်တွင်မန်ယူရဲ့ဒုတိယအကြီးဆုံးတိုက်စစ်မှူးအဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။မန်ယူနှင့်အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဝိန်းရွန်းနီဟာတတိယနေရာဖြင့်သာကျေနပ်ခဲ့ရပါတယ်။
စတုတ္ထနေရာမှာဂန္ထဝင်တိုက်စစ်မှူးအဲရစ်ကန်တိုနာရပ်တည်နိုင်ခဲ့ပြီးဆွီဒင်တိုက်စစ်မှူးဇလာတန်အီဘရာဟီမိုဗစျကပဉ်စမနရောတှငျရပျတညျနိုင်ခဲ့ပါတယ်။
zawgyi
စတုတ္ထနေရာမှာဂန္ထဝင်တိုက်စစ်မှူးအဲရစ်ကန်တိုနာရပ်တည်နိုင်ခဲ့ပြီးဆွီဒင်တိုက်စစ်မှူးဇလာတန်အီဘရာဟီမိုဗဈကပဉ်စမနရောတှငျရပျတညျနိုင်ခဲ့ပါတယ်။