ယူရိုပါလိဂ်ရှုံးကြွေးကို မန်ယူပြန်ဆပ်ဖို့ မလွယ်သေး

ဗုဒ္ဓဟူးည ချန်ပီယံလိဂ်အုပ်စုပွဲစဉ်-၂ ပွဲကြိုသုံးသပ်ချက်

မန်ယူ နှင့် ဗီလာရီးရဲလ် (ည ၁း၃၀)(အိုဇုန်း)

မန်ယူရဲ့ခြေစွမ်းယိုယွင်းကျဆင်းမှုကြီးကအံ့သြစရာကောင်းလှပြီးနည်းပြဆိုးလ်ရှားရဲ့လုပ်ပုံကိုင်ပုံတွေကလည်းစိုးရိမ်စရာပါ။ရင်ဆိုင်ရမယ့်လာလီဂါက လပ်ဗီလာရီးရဲလ်ကဒီရာသီမှာခြေစွမ်းကျဆင်းနေတဲ့အသင်းဖြစ်တာကြောင့်မန်ယူဂိုးပြတ်နိုင်မယ်လို့ ထင်ချင်စရာပါပဲ။

ဒါပေမဲ့ဗီလာရီးရဲလ်ရဲ့ခံစစ်ပိတ်ဆို့ယှဉ်ပြိုင်လာနိုင်မှုကြောင့်အိမ်ကွင်းဆိုပေမယ့်လည်းမန်ယူတိုက်စစ်အခက်တွေ့ပြီး ဂိုးတွေမြင်ရဖို့ ခက်ခဲနိုင်တယ်။ဒီနှစ်သင်းတွေ့နေကျအစဉ်အလာအရလည်းဂိုးနည်းလေ့ရှိပြီး သရေကျခဲ့တာများပါတယ်။မန်ယူဘက်ကနေတစ်ဂိုးသရေအကျောပေးထားမှုမှာသရေခံကစားမယ့်ဗီလာရီးရဲလ်ကိုဂိုးပေါင်းအောက်နဲ့အတူ တွဲဖက်ကစားသင့်တယ်။ယူရိုပါလိဂ်ရှုံးကြွေးကိုမန်ယူပြန်ဆပ်ဖို့ မလွယ်သေးပါဘူး။

zawgyi




