MUTV က တိုက်ရိုက်ထုတ်လွှင့်နေစဉ် ဆိုးလ်ရှားကို ထွက်ခွာသွားရန် မန်ယူပရိသတ်ငယ်နှစ်ဦး တောင်းဆိုခဲ့

ဘောလုံးပရိသတ်ငယ်နှစ်ဦးတို့ဟာမနေ့ညတုန်းကမန်ယူနှင့်အဲဗာတန်တို့တစ်ဂိုးစီသရေကျတဲ့ပွဲအပြီးမှာ MUTV ကတိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာဆိုးလ်ရှားအားအသင်းမှထွက်ခွာရန်တောင်းဆိုမှုပြုလုပ်ခဲ့ကြပါတယ်။

မန်ယူဟာမနေ့ညတုန်းကအိုးထရက်ဖို့ဒ်ပွဲစဉ်တွင်အန်တိုနီမာရှယ်ရဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမယ့်ဒုတိယပိုင်းမှာတောင်းဆင့်ကအဲဗာတန်အတွက်ချေပဂိုးအားသွင်းယူသွားခဲ့ပါတယ်။

MUTV မှဆမ်ဟုမ်းဝုဒ်ဟာပွဲအပြီးတွင်ပရိသတ်များရဲ့အသင်းခြေစွမ်းအပေါ်အမြင်ကိုမေးမြန်းမှုပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့်အခြေအနေကထင်မှတ်သလိုကောင်းကောင်းမွန်မွန်ဖြစ်မလာခဲ့ပါဘူး။

ဟုမ်းဝုဒ်က ပရိသတ်တစ်ဦးအား “ဒီပွဲနဲ့ပတ်သက်ပြီးဘယ်လိုမြင်သလဲခင်ဗျ”လို့မေးမြန်းခဲ့ရာ ချက်ချင်းပင် “အိုလီထွက်သွားစမ်း”လို့ချက်ချင်းပင်ပြောကာထွက်ခွာသွားခဲ့ပါတယ်။

ယင်းကလေးငယ်ရဲ့သူငယ်ချင်းကလည်းအလားတူမေးခွန်းမျိုးမေးမြန်းခံရချိန်တွင် “အတူတူဘဲ။အိုလီထွက်သွား။ဆန်ချိုချေးထုတ်”ဆိုပြီးပြောကြားသွားကာထွက်ခွာသွားပါတယ်။

အဆိုပါပရိသတ်ငယ်နှစ်ဦးတို့ဟာမန်ယူနှင့်အဲဗာတန်တံဆိပ်တစ်ခြမ်းစီပါ လည်စည်းပတ်ထားကြပြီးမန်ယူပရိသတ်အစစ်လားဆိုတာအတိအကျပြောဖို့တော့ခက်ပါတယ်။

MUTV ရဲ့အစီအစဉ်တင်ဆက်သူဟုမ်းဝုဒ်ဟာကင်မရာကိုကြည့်ကာ “တကယ်တော့ကလေးတွေဆီကဒီထက်ပိုကောင်းတာတွေကြားရဖို့မျှော်လင့်ခဲ့တာပါ။ဒါကကျွန်တော့်အတွက်သင်ခန်းစာတစ်ခုပါ။ကလေးတွေကိုဘယ်တော့မှမယုံတော့ပါဘူး”လို့ဆိုသွားပါတယ်။

မန်ယူပရိသတ်များကအထက်ပါကလေးနှစ်ဦးရဲ့ဖြေကြားမှုက MUTV တွင်ထုတ်လွှင့်ခဲ့သမျှအရာများတွင်အကောင်းဆုံးထုတ်ပြသမှုတစ်ခုလို့ဆိုနေကြပါတယ်။

ZawGyi

MUTV က တိုက္႐ိုက္ထုတ္လႊင့္ေနစဥ္ ဆိုးလ္ရွားကို ထြက္ခြာသြားရန္ မန္ယူပရိသတ္ငယ္ႏွစ္ဦး ေတာင္းဆိုခဲ့

ေဘာလုံးပရိသတ္ငယ္ႏွစ္ဦးတို႔ဟာမေန႔ညတုန္းကမန္ယူႏွင့္အဲဗာတန္တို႔တစ္ဂိုးစီသေရက်တဲ့ပြဲအၿပီးမွာ MUTV ကတိုက္႐ိုက္ထုတ္လႊင့္မႈအစီအစဥ္မွာဆိုးလ္ရွားအားအသင္းမွထြက္ခြာရန္ေတာင္းဆိုမႈျပဳလုပ္ခဲ့ၾကပါတယ္။

မန္ယူဟာမေန႔ညတုန္းကအိုးထရက္ဖို႔ဒ္ပြဲစဥ္တြင္အန္တိုနီမာရွယ္ရဲ႕ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ဒုတိယပိုင္းမွာေတာင္းဆင့္ကအဲဗာတန္အတြက္ေခ်ပဂိုးအားသြင္းယူသြားခဲ့ပါတယ္။

MUTV မွဆမ္ဟုမ္းဝုဒ္ဟာပြဲအၿပီးတြင္ပရိသတ္မ်ားရဲ႕အသင္းေျခစြမ္းအေပၚအျမင္ကိုေမးျမန္းမႈျပဳလုပ္ခဲ့ပါတယ္။ဒါေပမယ့္အေျခအေနကထင္မွတ္သလိုေကာင္းေကာင္းမြန္မြန္ျဖစ္မလာခဲ့ပါဘူး။

ဟုမ္းဝုဒ္က ပရိသတ္တစ္ဦးအား “ဒီပြဲနဲ႔ပတ္သက္ၿပီးဘယ္လိုျမင္သလဲခင္ဗ်”လို႔ေမးျမန္းခဲ့ရာ ခ်က္ခ်င္းပင္ “အိုလီထြက္သြားစမ္း”လို႔ခ်က္ခ်င္းပင္ေျပာကာထြက္ခြာသြားခဲ့ပါတယ္။

ယင္းကေလးငယ္ရဲ႕သူငယ္ခ်င္းကလည္းအလားတူေမးခြန္းမ်ိဳးေမးျမန္းခံရခ်ိန္တြင္ “အတူတူဘဲ။အိုလီထြက္သြား။ဆန္ခ်ိဳေခ်းထုတ္”ဆိုၿပီးေျပာၾကားသြားကာထြက္ခြာသြားပါတယ္။

အဆိုပါပရိသတ္ငယ္ႏွစ္ဦးတို႔ဟာမန္ယူႏွင့္အဲဗာတန္တံဆိပ္တစ္ျခမ္းစီပါ လည္စည္းပတ္ထားၾကၿပီးမန္ယူပရိသတ္အစစ္လားဆိုတာအတိအက်ေျပာဖို႔ေတာ့ခက္ပါတယ္။

MUTV ရဲ႕အစီအစဥ္တင္ဆက္သူဟုမ္းဝုဒ္ဟာကင္မရာကိုၾကည့္ကာ “တကယ္ေတာ့ကေလးေတြဆီကဒီထက္ပိုေကာင္းတာေတြၾကားရဖို႔ေမွ်ာ္လင့္ခဲ့တာပါ။ဒါကကြၽန္ေတာ့္အတြက္သင္ခန္းစာတစ္ခုပါ။ကေလးေတြကိုဘယ္ေတာ့မွမယုံေတာ့ပါဘူး”လို႔ဆိုသြားပါတယ္။

မန္ယူပရိသတ္မ်ားကအထက္ပါကေလးႏွစ္ဦးရဲ႕ေျဖၾကားမႈက MUTV တြင္ထုတ္လႊင့္ခဲ့သမွ်အရာမ်ားတြင္အေကာင္းဆုံးထုတ္ျပသမႈတစ္ခုလို႔ဆိုေနၾကပါတယ္။