လိုင်ယွန်ဆိုတာ သူငယ်နှပ်စားမဟုတ်ဘူး

သောကြာည ပြင်သစ်လီဂူး ပွဲစဉ်-၄ ပွဲကြိုသုံးသပ်ချက်

နန်တက်စ်နှင့်လိုင်ယွန် (ည ၁း၃၀)(ဖိုးရာဇာ)

လိုင်ယွန်ဆိုတာပီအက်စ်ဂျီအသင်းဓနအင်အားနဲ့ စင်ပေါ်မရောက်ခင်ကပြင်သစ်ဘောလုံးလောကကို စိုးမိုးနိုင်ခဲ့တဲ့အသင်းကြီးပါ။ နှစ်တွေကြာလာတာနဲ့အမျှငွေကြေးအခက်အခဲကြောင့်ယုတ်လျော့မှုတွေတိုးလာပေမဲ့စုတ်ပြတ်သတ်သွားတဲ့အသင်းမျိုးတော့မဟုတ်ခဲ့ပါဘူး။

ဒါပေမဲ့ဒီရာသီလိုင်ယွန်အသင်းကစားခဲ့တဲ့လီဂူးဝမ်းပွဲတွေကြည့်တော့စိတ်မချမ်းသာစရာပါပဲ။နည်းပြသစ်ပီတာဘော့ဇ်ဟာ ခုထိနိုင်ပွဲတစ်ပွဲမှမရနိုင်သေးဘဲနောက်ဆုံးပွဲမှာ ၃-၁ ဦးဆောင်နိုင်ပြီးမှကလီးမွန့်လိုအသင်းကို နောက်ဆုံး ၁၀ မိနစ်အတွင်း နှစ်ဂိုးပြန်ပေးပြီးသရေသာကစားနိုင်ခဲ့တာကရင်နာစရာကောင်းပါတယ်။

ဒီပေးဘာစီလိုနာပြောင်းသွားပေမယ့်ရာသီအစသုံးပွဲ မှာခုနစ်ဂိုးပေးထားရပြီးနိုင်ပွဲမရသေးတဲ့အဖြစ်မျိုးကတော့လိုင်ယွန်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မလိုက်ဖက်လှပါဘူး။ ဒီလိုအချိန်မှာလိုင်ယွန်ဟာနန်တက်စ်နဲ့ ရင်ဆိုင်ရတော့ပါမယ်။ နန်တက်စ်ဟာလိုင်ယွန်ကိုနောက်ဆုံးသုံးပွဲစလုံး ရှုံးခဲ့တယ်။

ရာသီအဖွင့်နှစ်ပွဲမှာမထင်မှတ်တဲ့ရလဒ်တွေရယူနိုင်ခဲ့ပေမယ့်နောက်ဆုံးပွဲမှာရင်းနက်စ်ကိုရှုံးခဲ့တော့တစ်ပွဲလုံးဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်သာလုပ်နိုင်ခဲ့တာတွေ့ရတယ်။ လိုင်ယွန်ဘယ်လိုခက်ခဲနေပါစေပြိုင်ပွဲအသွင်းနောက်ဆုံးအဝေးကွင်း ငါးပွဲမှာ လေးပွဲနိုင်ခဲ့တဲ့ခြေစွမ်းနဲ့ တိုက်စစ်ပိုင်းကပါရမီရှင်ကစားသမားတွေကြောင့်ဒီပွဲမှာတော့ပထမဆုံးအနိုင်သုံးမှတ်ကို လွတ်လွတ်ကျွတ်ကျွတ်ရပြီးအောင်ပွဲစခံလိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိနေပါတယ်။

zawgyi

လိုင္ယြန္ဆိုတာ သူငယ္ႏွပ္စားမဟုတ္ဘူး

ေသာၾကာည ျပင္သစ္လီဂူး ပြဲစဥ္-၄ ပြဲႀကိဳသုံးသပ္ခ်က္

နန္တက္စ္ႏွင့္လိုင္ယြန္ (ည ၁း၃၀)(ဖိုးရာဇာ)

လိုင္ယြန္ဆိုတာ ပီအက္စ္ဂ်ီအသင္း ဓနအင္အားနဲ႔ စင္ေပၚမေရာက္ခင္က ျပင္သစ္ေဘာလုံးေလာကကို စိုးမိုးႏိုင္ခဲ့တဲ့ အသင္းႀကီးပါ။ ႏွစ္ေတြၾကာလာတာနဲ႔အမွ် ေငြေၾကးအခက္အခဲေၾကာင့္ ယုတ္ေလ်ာ့မႈေတြ တိုးလာေပမဲ့ စုတ္ျပတ္သတ္သြားတဲ့အသင္းမ်ိဳးေတာ့မဟုတ္ခဲ့ပါဘူး။

ဒါေပမဲ့ ဒီရာသီ လိုင္ယြန္အသင္း ကစားခဲ့တဲ့လီဂူး ဝမ္းပြဲေတြၾကည့္ေတာ့ စိတ္မခ်မ္းသာစရာပါပဲ။နည္းျပသစ္ပီတာေဘာ့ဇ္ဟာ ခုထိႏိုင္ပြဲတစ္ပြဲမွ မရႏိုင္ေသးဘဲ ေနာက္ဆုံးပြဲမွာ ၃-၁ ဦးေဆာင္ႏိုင္ၿပီးမွ ကလီးမြန႔္လိုအသင္းကို ေနာက္ဆုံး ၁၀ မိနစ္အတြင္း ႏွစ္ဂိုးျပန္ေပးၿပီး သေရသာကစားႏိုင္ခဲ့တာက ရင္နာစရာေကာင္းပါတယ္။

ဒီေပး ဘာစီလိုနာေျပာင္းသြားေပမယ့္ ရာသီအစသုံးပြဲ မွာ ခုနစ္ဂိုးေပးထားရၿပီး ႏိုင္ပြဲမရေသးတဲ့အျဖစ္မ်ိဳးကေတာ့ လိုင္ယြန္ဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ မလိုက္ဖက္လွပါဘူး။ ဒီလိုအခ်ိန္မွာ လိုင္ယြန္ဟာ နန္တက္စ္နဲ႔ ရင္ဆိုင္ရေတာ့ပါယ္။ နန္တက္စ္ဟာ လိုင္ယြန္ကို ေနာက္ဆုံးသုံးပြဲစလုံး ရႈံးခဲ့တယ္။ ရာသီအဖြင့္ႏွစ္ပြဲမွာ မထင္မွတ္တဲ့ရလဒ္ေတြ ရယူႏိုင္ခဲ့ေပမယ့္ ေနာက္ဆုံးပြဲမွာ ရင္းနက္စ္ကို ရႈံးခဲ့ေတာ့ တစ္ပြဲလုံး ဂိုးေပါက္တည့္ကန္ခ်က္ တစ္ႀကိမ္သာလုပ္ႏိုင္ခဲ့တာေတြ႕ရတယ္။

လိုင္ယြန္ဘယ္လိုခက္ခဲေနပါေစ ၿပိဳင္ပြဲအသြင္းေနာက္ဆုံး အေဝးကြင္း ငါးပြဲမွာ ေလးပြဲႏိုင္ခဲ့တဲ့ေျခစြမ္းနဲ႔ တိုက္စစ္ပိုင္းက ပါရမီရွင္ကစားသမား ေတြေၾကာင့္ ဒီပြဲမွာေတာ့ ပထမဆုံးအႏိုင္သုံးမွတ္ကို လြတ္လြတ္ကြၽတ္ကြၽတ္ရၿပီးေအာင္ပြဲစခံလိမ့္မယ္လို႔ ယုံၾကည္ေမွ်ာ္လင့္မိေနပါတယ္။