ရဲရဲကြီး အာမခံပါရစေ

တနင်္ဂနွေည ပြင်သစ်လီဂူးတန်းတက်ပလေးအော့ဖ် ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်

နန့်တက်စ် နှင့် တူးလော့စ် (ည ၁၀း၃၀)(ဖိုးရာဇာ)

တူးလော့စ်ကွင်းမှာကစားတဲ့ပထမအကျော့တုန်းက ကြိုတင်မျှော်လင့်ထားတဲ့အတိုင်းဂိုးပေါင်းအပေါ်အောင်ခဲ့ရတယ်။သိပ်ရင်ခုန်နေစရာမလိုဘဲ ပွဲချိန် ၂၂မိနစ်ကတည်းက ဂိုးပေါ်သွားတာပါ။၂-၁ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့နန့်တက်စ်အနေနဲ့ အခုပွဲမှာခံစစ်ပိတ်ဆို့လေမလားတွေးချင်စရာကောင်းတယ်။

တကယ်တမ်းတော့ဘယ်လိုပဲခံစစ်ဦးစားပေးပေး နန့်တက်စ်နောက်ခံလူတွေအမှားများလွန်းလို့ လုံးဝမဖြစ်နိုင်ပါဘူး။တူးလော့စ်ကလည်းတန်းတက်ဖို့ဆိုရင် အခုပွဲပြန်အနိုင်ရအောင်ဖောင်ဖျက်တိုက်ပွဲဝင်ရမှာပါ။

တိုက်စစ်ဖွင့်ရမယ့်တူးလော့စ်ဟာဂိုးသွင်းအားရှိသလောက်ခံစစ်မလုံခြုံဘူး။ဒါကြောင့်အခုပွဲမှာလည်းဂိုးပေါ်ဦးမယ်လို့ ရဲရဲကြီး အာမခံပါရစေ။

zawgyi

ရဲရဲႀကီး အာမခံပါရေစ



